spot_img

မန်စီးတီး ၊ ချဲလ်ဆီး အပါအဝင် စိတ်ဝင်စားနေတဲ့ ကလပ်တွေကို အဆင်သင့်ပြင်ထားဖို့ အချက်ပြလိုက်တဲ့ လီဝန်ဒေ့ါစကီး

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းတွေ အတွက် သတင်းကောင်း တစ်ခု ကို ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။ မန်စီးတီး ၊ ချဲလ်ဆီး အပါ အဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှု ကို ခံထား ရတဲ့ လီဝန်ဒေါ့စကီး ဟာ ဒီနှစ် နွေရာသီ ဈေးကွက် ရဲ့ Hot List ထဲမှာ ပါဝင်နေသူ တစ်ဦးလည်း ဖြစ် ပါတယ် ။

အသက် ၃၂ နှစ် ကျော်ပြီ ဖြစ်ပေမယ့် ခြေမကျ သေးတဲ့ ပိုလန် သားကြီးဟာ ဒီနှစ် ဘွန်ဒစ်လီဂါ မှာ ၄၁ ဂိုး သွင်းပြီး သမိုင်းတစ်လျောက် တစ်ရာသီ အတွင်း ဂိုးသွင်း အများဆုံး စံချိန်သစ်ကို ရယူ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဒီ ၄၁ ဂိုးဟာ ဥရောပ ဘောလုံး ပြိုင်ပွဲတွေ မှာ အများဆုံး ဖြစ်ခဲ့တာကြောင့် ဥရောပ ရွှေဖိနပ်ဆု ကိုလည်း ရရှိ တော့မှာ ဖြစ်ပါတယ် ။

myan789

လီဝန်ဒေါ့စကီး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ဘိုင်ယန် နဲ့ အတူ ချန်ပီယံလိဂ် ရခဲ့သလို UEFA နဲ့ ဖီဖာ တို့ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ ပါတယ် ။ ဒီနှစ် မှာလည်း လီဝန်ဒေါ့စကီး ဟာ ဒီဆုတွေ ကိုသာမ မနှစ်က ရပ်နား လိုက်တဲ့ ရွှေဘောလုံး ဆုကိုပါ ရယူ နိုင်ဖို့ ရေပန်းစား နေသူ တစ်ဦး ဖြစ်လာခဲ့ ပါတယ် ။

ယူရို ပြိုင်ပွဲ ကို ပိုလန် အသင်းနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေတဲ့ တိုက်စစ်မှူးကြီး ဟာ သတင်းထောက်တွေ မေးမြန်း လာချိန် မှာတော့ နွေရာသီ အပြောင်း အရွှေ့ ကာလ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက် ကို အခုလိုပဲ ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

“ကျွန်တော့ စိတ်ကို ရှင်းရှင်း လင်းလင်း ဖွင့်ထားပါတယ် ။ ဘိုင်ယန် အတွက် ပြောရရင်တော့ ဒီကလပ်ဟာ တကယ့်ကို ခမ်းနားတဲ့ ကလပ်ကြီးပါ ၊ ကျွန်တော်လည်း ပျော်ပါတယ် ။ ဘာသာစကားသစ် ၊ အလေ့အထ အသစ်တွေကို လေ့လာသင်ယူ ရတာကိုလည်း ကျွန်တော် ကြိုက်ပါတယ် ၊ အဲ့ဒိ အခွင့်အရေးတွေကိုလည်း စိတ်ဝင်စားမိပါတယ်”

“ဒါပေမယ့် ဒါတွေက ဘောလုံး မှာ ဖြစ်လာမလား ၊ ဘောလုံး ပြီးတဲ့ နောက်မှာ ဖြစ်လာမလား ဆိုတာတော့ ကျွန်တော် မပြောပြတတ် ပါဘူး ။ အနာဂါတ်ကို ကျွန်တော် ကြိုမှ မသိနိုင်တာပဲဗျာ” လို့ ရောဘတ် လီဝန်ဒေါ့စကီး က ဖြေကြား ပေးသွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ဟာ ဒီနှစ်မှာ အမှတ်ပေး ဖလားပွဲ သွင်းဂိုးပေါင်း ၄၁ ဂိုး ရရှိ ခဲ့ပြီး 1971-72 ရာသီ တုန်းက စံချိန် တင်ရှိ ခဲ့တဲ့ ဂတ်မူလာ ရဲ့ ဂိုး ၄၀ စံချိန်ကို ချိုးဖျက် သွားနိုင်ခဲ့ ပါတယ် ။ ဒီလိုမျိုး ဂျာမန် ဘောလုံး လောက ရဲ့ သမိုင်းဝင် မှတ်တမ်းကို ရေးထိုး နိုင်ခဲ့မှု အပေါ်လည်း အလွန် ဝမ်းမြောက်မိကြောင်း တိုက်စစ်မှူးကြီး က ပြောပြ သွားခဲ့ ပါတယ် ။

“စံချိန်တွေ ချိုးဖျက် ရတာ မောတယ်လို့ မထင်ပါဘူး ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော် က သူများတွေ မလုပ် နိုင်တဲ့ အရာတွေကို လုပ်ချင်စိတ် ပြင်းတဲ့သူပါ ၊ ဒီရည်မှန်းချက်တွေကပဲ ကျွန်တော့ကို တွန်းအား ဖြစ်စေ ပါတယ်”

“အရိုးသားဆုံး ပြောရရင် အရင်က ဘယ်သူမှ ဒီစံချိန်နားကိုတောင် မရောက် နိုင်ခဲ့ ပါဘူး ။ ကျွန်တော်လည်း ရာသီ အစ တုန်းက ဒဏ်ရာ ကြောင့် နားနေရချိန်မှာ ဒါက ဖြစ်လာဖို့ မလွယ်တော့ဘူးလို့ ထင်ခဲ့တာပါ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒိ အချိန်တွေကိုတောင် ပြန်မမှတ် မိတော့ပါဘူး” လို့ လီဝန်ဒေါ့စကီးက ပြောဆို သွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ရဲ့ ပိုလန် ဟာ ယူရို ပြိုင်ပွဲရဲ့ Group E မှာ စလိုဗေးနီးယား ၊ စပိန် ၊ ဆွီဒင် တို့နဲ့ အတူ ကျရောက် နေပြီး စလိုဗေးနီးယား နဲ့ အဖွင့်ပွဲကို စတင် ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular