ပြီးခဲ့သည့်စနေနေ့က ကစားခဲ့ သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကွင်း လယ်ဒိုင်လူကြီး အန်တိုနီယိုလာဟို့စ် သည် ချယ်လ်ဆီးနောက်ခံလူ ရီးစ် ဂျိမ်းစ်၏ လက်ထိဘောဖြစ်ရပ်၌မှန်ကန်စွာဆုံးဖြတ်နိုင်ခဲ့သည်ဟု ပရီးမီး ယားလိဂ်ဒိုင်လူကြီးဟောင်း ခရစ္စဖွိုင် က ချီးကျူးပြောကြားခဲ့သည်။
ယင်းပွဲ၏ ဒုတိယပိုင်းတွင် မန်စီး တီးအသင်းဘက်မှ ကန်သွင်းသော ဘောလုံးကို ရီးစ်ဂျိမ်းစ်က ကာကွယ်ခဲ့ ရာ၌ လက်ထိဘောဖြစ်ခဲ့သည်ဟုဆို ကာ မန်စီးတီးကစားသမားများက စပိန်ဒိုင်လူကြီး အန်တိုနီယိုလာဟို့စ် အား အပြင်းအထန် စောဒကတက်ခဲ့ ကြသည်။ သို့သော် လာဟို့စ်က ယင်း ဖြစ်ရပ်ကို VAR ပင်ပြန်မကြည့်ခဲ့ဘဲ ချိုင်းအောက်ကို ထိခဲ့ခြင်းဖြစ်သည် ဟုသာ အမူအရာဖြင့် ပြသခဲ့သည်။
မန်စီးတီးကစားသမားများက အကြိမ်ကြိမ်စောဒကတက်ခဲ့ရာတွင် လာဟို့စ်သည် သူ၏ယူဆချက်ကိုအ လျှော့မပေးဘဲ ချိုင်းအောက်ကိုသာ ဘောလုံးထိခဲ့ခြင်းဖြစ်ကြောင်း ပြသ ခဲ့သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အင်္ဂလန်ဒိုင်လူကြီးဟောင်း ခရစ္စဖွိုင် က Daily Mail သတင်းစာတွင် ဆောင်းပါးရေးသားပြီး လာဟို့စ်အား ချီးကျူးခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် လာဟို့စ်သည် အဝါကတ်ပြစ်ဒဏ် များကိုလည်း မှန်ကန်စွာချမှတ်ခဲ့ပြီး ပွဲကိုအကောင်းဆုံးထိန်းသိမ်းနိုင်ခဲ့ သည်ဟု ၎င်းင်းက မှတ်ချက်ပြု ခဲ့သည်။ ယင်းပွဲတွင် လာဟို့စ်သည်နှစ်သင်း ပေါင်းမှ အဝါကတ်(၃)ကတ်သာ ပြသခဲ့သည်။