spot_img

စီးရီးအေရာသီပြီးဆုံးပြီးနောက် ရက်သတ္တပတ်အကြာမှာပင် နည်းပြအပြောင်းအလဲပြုလုပ်သည့်ကလပ် ၁၀ သင်းအထိရှိလာ

၂၀၂၀-၂၀၂၁ ရာသီ စီးရီးအေ ပြိုင်ပွဲပြီးဆုံးသည်မှာ ရက်သတ္တပတ်သာ ရှိသေးသော်လည်း နည်းပြ အပြောင်းအလဲပြုလုပ်သည့်ကလပ် ၁၀ သင်းအထိရှိလာကြောင်း သိရသည်။

နည်းပြအပြောင်းအလဲပြုလုပ်သည့်အသင်းများတွင် စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းလည်း အံ့အားသင့်ဖွယ်ပါဝင်နေပြီး ချန်ပီယံဆု လက်ခံရယူပြီးနောက် သုံးရက်အကြာ မေ ၂၆ ရက်မှာပင် နည်းပြ ကွန်တီနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။ ကွန်တီသည် အင်တာမီလန်အသင်းအား ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ၁၁ နှစ်ကြာ ဝေးကွာနေ သည့် စီးရီးအေချန်ပီယံဆု တစ်ကျော့ပြန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသော်လည်း လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

myan789

အင်တာမီလန်အသင်းပိုင်ရှင် Suning အုပ်စုသည် COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့သည့်ရာသီ က ယူရိုသန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့ရသဖြင့် နွေရာသီအသုံးစရိတ်ကို လျှော့ချရန်နှင့် ကစားသမားရောင်းချမှုမှတစ်ဆင့် ယူရိုသန်း ၈၀ ခန့် ပြန်လည်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ကွန်တီကမူ အင်တာမီလန် အသင်းအား ဥရောပတွင် ထိပ်သီး အသင်းတစ်သင်းဖြစ်လာစေရန် တည်ဆောက်လိုသဖြင့် အသင်းပိုင်ရှင်များနှင့် ဆက်ဆံရေးအဆင်မပြေ တော့ဘဲ လမ်းခွဲခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

ထို့ပြင် ချန်ပီယံဆုလက်လွှတ် ခဲ့ရသည့် ဂျူဗင်တပ်စ်အသင်းအပါအဝင် နာပိုလီ၊ လာဇီယို၊ ရိုးမား၊ ဆာ ဆူအိုလို၊ ဆမ်ဒိုးရီးယား၊ ဗီရိုနာ၊ ဖီ အိုရင်တီးနား၊ တိုရီနိုစသည့်အသင်း များကလည်း နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်ရာသီက အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းအတွင်း ရပ်တည်နိုင်ခဲ့သည့် ကလပ်များအနက် အေစီမီလန်နှင့် အတ္တလန္တာ တို့မှလွဲ၍ ကျန်ရှစ်သင်းက နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နည်းပြအပြောင်းအလဲပြုလုပ်ထားသည့် ၁၀ သင်းအနက် ဂျူဗင်တပ်စ်တစ်သင်းတည်းသာ နည်းပြ ပီယာလိုကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ဗီရိုနာနှင့် အင်တာမီလန်အသင်းက နှစ်ဦးသဘောတူ လမ်းခွဲခြင်းဖြစ်ကာ ကျန်အသင်းများမှာမူ စာချုပ်သက် တမ်းကုန်ဆုံးသွားသဖြင့် လမ်းခွဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် နည်းပြ ဆာရီနှင့်လမ်း ခွဲခဲ့သောကြောင့် ယူ-၂၃ အသင်း အတွက် ခန့်အပ်ထားသည့် ကွင်း လယ်လူဟောင်း ပီယာလိုကို စီနီယာ အသင်းနည်းပြအဖြစ် ပြောင်းလဲခန့် အပ်ခဲ့ခြင်းဖြစ်သည်။ ပီယာလိုသည် နည်းပြအတွေ့အကြုံလုံးဝမရှိဘဲ ဂျူ ဗင်တပ်စ်အသင်းအား ကိုင်တွယ်ခဲ့ရခြင်းဖြစ်ပြီး ကိုပါအီတာလီယာဖလား နှင့် အီတလီစူပါဖလား ဆွတ်ခူးရယူ နိုင်ခဲ့သော်လည်း ကိုးနှစ်ဆက်တိုက် ရရှိထားသည့် ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်အတွက် ရာသီပိတ်ပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ရသဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

နည်းပြများနှင့် လမ်းခွဲထားသည့် ၁၀ သင်းအနက် ငါးသင်းက နည်းပြသစ်များ ပြန်လည်ခန့်အပ်ထားပြီး ဂျူဗင်တပ်စ်အသင်းက နည်းပြဟောင်း အယ်လီဂရီ၊ ရိုးမား အသင်းက နာမည်ကြီးနည်းပြ မော်ရင်ဟို၊ ဖီအိုရင်တီးနားအသင်းက နာပိုလီအသင်းနှင့်လမ်းခွဲထားသည့် ဂတ်တူဆို၊ နာပိုလီအသင်းက စပယ်လက်တီ၊ တိုရီနိုအသင်းက ဗီရိုနာအသင်းနှင့် လမ်းခွဲထားသည့် အီဗန်ဂျူရစ်တို့ကို ခန့်အပ်ထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular