Golden Boy ဆိုတာ ဥရောပ မှာ ကစားနေတဲ့ အသက် 21 နှစ်အောက် လူငယ် ဘောလုံးသမားလေးတွေ ထဲက ပြက္ခဒိန် နှစ် တစ်နှစ် အတွင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသမားကို ရွေးချယ် ချီးမြှင့်တဲ့ ဆု ဖြစ်ပါတယ်။
ဒီဆု ကို 2003 ခုနှစ်က အီတလီ သတင်းစာ Tuttosport က စတင် ချီးမြှင့်ပေးခဲ့တာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်တွေ အဖြစ် ဂျာမဏီ က Bild , ပေါ်တူဂီ က A Bola ၊ ပြင်သစ် က L’Equipe ၊ စပိန် က Marca နဲ့ Mundo Deportivo ၊ အင်္ဂလန် က The Times သတင်းစာတို့လဲ ပါဝင်လာခဲ့ ပါတယ်။
ဒီဆု အတွက် ပြင်သစ် လူငယ် ကစားသမားတွေ က စုစုပေါင်း 3 ကြိမ် နဲ့ အကြိမ်ရေ အများဆုံး ဆွတ်ခူးထားပြီး ၊ နယ်သာလန် ၊ အင်္ဂလန် ၊ အာဂျင်တီးနား ၊ စပိန် ၊ ဘရာဇီး နဲ့ ပေါ်တူဂီ တို့က 2 ကြိမ် စီ ဆွတ်ခူးထားကာ ၊ နော်ေ၀ ၊ အီတလီ နဲ့ ဂျာမဏီ တို့က 1 ကြိမ် စီ ရရှိထားပါတယ်။
ဒီနှစ် အတွက် Golden Boy ဆု ကိုတော့ ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း က အသင်းဖော် ဆန်ချို ၊ ဘိုင်ယန် လူငယ် ကစားသမား အယ်ဖွန်ဆို ဒေးဗီးလ် ၊ ဘာစီလိုနာ ကြယ်ပွင့် အန်ဆူ ဖာတီ တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
ဟာလန်း ဟာ 2019-2020 ဘောလုံးရာသီ အတွင်း စုစုပေါင်း သွင်းဂိုး 44 ဂိုး အထိသွင်းယူ ခဲ့ပါတယ်။ အဲဒီ အထဲက 16 ဂိုး ဟာ ဒေါ့မွန်ကို ပြောင်းရွှေ့ပြီးမှာ 18 ပွဲ ပါဝင် ကစားကာ သွင်းယူပေးခဲ့တာပါ။
သူဟာ ဒီနှစ် ရာသီမှာတော့ ဘွန်ဒက်လီဂါ သွင်းဂိုး 6 ဂိုး နဲ့ ချန်ပီယံလိဂ် သွင်းဂိုး 4 ဂိုး အထိ ဆက်လက် သွင်းယူပေးထားတာကြောင့် ၊ ဥရောပ အသင်းကြီးတွေ ရဲ့ အနီးကပ် စောင့်ကြည့်မှုတွေကို ခံနေရပါတယ်။
ဖခင် ဖြစ်သူကတော့ သူ့ရဲ့ သားဟာ ဒေါ့မွန် နဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ မကြာခင်က ထုတ်ဖော် ပြောဆိုထားပြီး ၊ အနာဂတ်မှာလဲ ထိပ်သီး အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ ကစားဖို့ မျှော်လင့်ထားတဲ့ အကြောင်းကိုလဲ ဝန်ခံသွားခဲ့ပါတယ်။
Golden Boys ဆုရှင်များ
2003 – ဗန်ဒါဘတ် (အေဂျက်)
2004 – ရွန်းနီ (ယူနိုက်တက်)
2005 – မက်ဆီ (ဘာစီလိုနာ)
2006 – ဖာဘရီဂတ် (အာဆင်နယ်)
2007 – အဂွေးရိုး (အေတီကို)
2008 – အန်ဒါဆင် (ယူနိုက်တက်)
2009 – ပါတို (အေစီမီလန်)
2010 – ဘာလိုတယ်လီ (အင်တာ မီလန်)
2011 – ဂေါ့ဇီ (ဒေါ့မွန်)
2012 – အစ္စကို (မာလာဂါ)
2013 – ပေါ့ဘာ (ဂျူဗီ)
2014 – စတာလင် (လီဗာပူး)
2015 – မာရှယ် (မိုနာကို)
2016 – ရီနာတို ဆန်းချက် (ဘင်ဖီကာ)
2017 – ဘာပေ (ပီအက်စ်ဂျီ)
2018 – ဒီလစ် (အေဂျက်)
2019 – ဂျိုအာအို ဖီးလစ် (ဘင်ဖီကာ)
2020 – ဟာလန်း (ဒေါ့မွန်)