ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေသည့် ၀ါရင့်ဘရာ ဇီးလ်နောက်ခံလူ မာဆယ်လိုသည် ၎င်းအား ခေါ်ယူရန် လာဇီယိုအသင်းကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
(၃၄)နှစ်ရှိပြီဖြစ်သည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ မာဆယ်လိုကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည့်အနက် ၎င်းက မေဂျာလိဂ်အသင်းများ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဥရောပတွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသည်။
မာဆယ်လိုသည် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန် ပစ်မှတ်ထားနေပြီး ၎င်းအား ခေါ်ယူရန် လာဇီယိုအသင်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် မာဆယ်လိုအား ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပိုင်ဆိုင်ထားသည့် ဗစ်လာဒိုလစ်အသင်းကလည်း ခေါ်ယူလိုနေကြောင်း သိရှိရသည်။