ဒူးဒဏ်ရာကြောင့် (၂)နှစ်နီးပါး အနားယူနေခဲ့ရသည့် မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ်သည် ရက်ပေါင်း(၇၀၈)ရက်အကြာတွင် မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့သည်။
ဖီးလ်ဂျုံးစ်(၂၉ နှစ်)သည် ၂၀၂၀ ဇန်နဝါရီလက ထရန်မဲအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလားပွဲတွင် နောက်ဆုံးပါဝင်ကစားခဲ့ပြီး ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရခြင်းဖြစ်သည်။
၎င်းအနေဖြင့် ယခုဇန်နဝါရီလတွင် ဘင်ဖီကာသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေသော်လည်း ဝုလ်ဗ်နှင့်ပွဲတွင် ပွဲထွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ဖီးလ်ဂျုံးစ်သည် ပရီးမီးယားလိဂ်တွင်မူ (၇၁၂)ရက်ကြာမှ ပြန်ကစားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။