spot_img

(၄)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်းနှင့် ပေါ့ဘာ သဘောတူညီမှုရရှိခဲ့ပြီး လာမည့်စနေနေ့တွင် လက်မှတ်ရေးထိုးမည်

မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့် (၄)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့် လာမည့်စနေနေ့တွင် ဆေးစစ်မှုခံယူပြီး ယင်းနေ့မှာပင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

myan789

၂၀၁၆ ခုနှစ်က မန်ယူအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းဖြင့် ရောက်ရှိခဲ့သူ ပေါ့ဘာသည် ယင်းမတိုင်မီ ဂျူဗင်တပ်စ်အသင်းတွင် (၄)ရာသီကြာ ကစားခဲ့ပြီး အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်အတွက် အပြီးသတ် သဘောတူညီမှု ရရှိထားကာ စာချုပ် ချုပ်ဆိုရန်သာ ကျန်ရှိတော့ကြောင်း ယင်းသတင်းတွင် ရေးသားခဲ့သည်။

အသက်(၂၉)နှစ်ရှိ ပေါ့ဘာသည် မန်ယူအသင်း၌ကစားစဉ် ဘောလုံးရာသီ(၆)ရာသီအတွင်း ပြိုင်ပွဲစုံ(၂၂၆)ပွဲကစားကာ (၃၉)ဂိုးသွင်းယူခဲ့ပြီး ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားသာ ဆွတ်ခူးနိုင်ခဲ့သည်။

ပေါ့ဘာအနေဖြင့် မန်ယူအသင်းတွင် ဒဏ်ရာပြဿနာများ၊ ခြေစွမ်းအတက်အကျများမှု၊ ပရိသတ်နှင့် ဘောလုံးဝေဖန်သူများ၏ မေးခွန်းထုတ်မှုများနှင့်လည်း အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။

မန်ယူအသင်းသည် (၆)ရာသီအတွင်း ပေါ့ဘာအတွက် (၁)ပွဲလျှင် ပေါင်(၁)သန်းနီးပါး ကုန်ကျခဲ့ပြီး စာချုပ်သက်တမ်းအပြည့် ကစားခဲ့သောကြောင့် သစ္စာစောင့်သိကြေး ပေါင်(၃.၇၈)သန်းကိုလည်း ပေးချေခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular