spot_img

(၂၁) ရာစုအတွင်း ဥရောပထိပ်တန်းလိဂ် (၄)ခုတွင် လိဂ်ဂိုးသွင်းယူနိုင်သည့် (၅)ဦးမြောက် တောင်အမေရိကကစားသမားအဖြစ် ကာဗာနီမှတ်တမ်းဝင်

ဗလင်စီယာအသင်း၏ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ပြီးခဲ့သည့် အောက်တိုဘာ (၁၅)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ် (၉) ဗလင်စီယာ (၂-၂) အယ်လ်ချီပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူခဲ့ပြီးနောက် (၂၁)ရာစုအတွင်း ဥရောပထိပ်တန်းလိဂ် (၄)တွင် လိဂ်ဂိုးများသွင်းယူနိုင်သည့် (၅)ဦးမြောက် တောင်အမေရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် (၃၅)နှစ်အရွယ်ရှိ ကာဗာနီသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဗလင်စီယာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် လာလီဂါ ပွဲစဉ်(၄)ပွဲမြောက်တွင် သွင်းဂိုးစတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

myan789

ကာဗာနီသည် ကစားသမားဘဝတွင် စီးရီးအေ (ပါလာမို၊ နာပိုလီ)၊ ပြင်သစ်လီဂူး (PSG)နှင့် ပရီးမီးယားလိဂ် (မန်ယူ) ပြိုင်ပွဲများ၌ အမှတ်ပေးပြိုင်ပွဲ သွင်းဂိုးများသွင်းယူထားနိုင်ပြီး ယခု စပိန်လာလီဂါတွင် ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်း ကြောင့် ကစားသမားဘ၀ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကာဗာနီမတိုင်မီ (၂၁)ရာစုအတွင်း ဥရောပထိပ် တန်းလိဂ် (၄)ခုတွင် လိဂ်သွင်းဂိုးများ သွင်းယူနိုင်သည့် တောင်အမေရိက ကစားသမားများအဖြစ် ဆန်းချက်ဇ် (ဘွန်ဒစ်လီဂါမှလွဲ၍)၊ ဟာမီးစ်ရိုဒရီဂွက်ဇ် (စီးရီးအေမှ လွဲ၍)၊ ကော်တင်ဟို (ပြင်သစ်လီဂူးမှ လွဲ၍)၊ ဒီမာရီယာ (ဘွန်ဒစ်လီဂါမှလွဲ ၍)တို့က မှတ်တမ်းဝင်ထားပြီး ယခုအခါ ကာဗာနီမှာလည်း ယင်းမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular