spot_img

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်

ဘရာဇီးလ် – အာဂျင်တီးနား (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ရးဝ၀ နာရီ)

အခုနှစ်အပိုင်းအခြားတွေက တောင်အမေရိက မဟာပြိုင်ဘက်(၂)သင်းအကြားမှာ ဘရာဇီးလ်အဖို့ ပိုခံရခက်စေပါတယ်။ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို အရှုံးပေးခဲ့ရသလို၊ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနား ချန်ပီယံဖြစ်ခဲ့တာကလည်း ဘရာဇီးလ်အဖို့ ပိုခံရခက်စေပါတယ်။ နောက်ဆုံးကစားထားတဲ့ ခြေစစ်ပွဲတွေမှာ နှစ်သင်းစလုံး ရှုံးပွဲကိုယ်စီ တွေ့ခဲ့ပြီး  ဘရာဇီးလ်ကတော့ အားထားရတဲ့ ဗင်နီစီယပ်စ်ပါ ဒဏ်ရာရခဲ့လို့ ပိုပြီးအထိနာခဲ့ရတယ်။ တောင်အမေရိကဒါဘီပွဲ ကစားရမယ့်အချိန်မှာ အသင်းခေါင်းဆောင် မက်ဆီအပါအဝင် အာဂျင်တီးနားက လူစုံတက်စုံ ရှိနေပြီး ဘရာဇီးလ်မှာတော့ တိုက်စစ်က အဓိကကစားသမားတွေ မပါဝင်နိုင်တော့ဘူး။ ဘရာဇီးလ်မြေဖြစ်ပေမဲ့ အာဂျင်တီးနား အမှတ်ရလိမ့်မယ်။

myan789

ပါရာဂွေး – ကိုလံဘီယာ (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၅း၃၀ နာရီ)

ဘရာဇီးလ်ကိုတောင် အနိုင်ကစားထားတဲ့ ကိုလံဘီယာအသင်း ယုံကြည်မှုအတော်လေးမြင့်တက်နေတယ်။ တစ်ချိန်က နာမည်ကျော်ကစားသမားများစွာ ရှိခဲ့ပေမဲ့ အလုပ်မဖြစ်တဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ထားပေမဲ့ တိုးတက်လာမှုတော့ သိပ်မရှိသေးဘူး။ အထူးသဖြင့် No.9 Role မှာ ပုံမှန်ကစားနေတဲ့ ရာဖေးလ်ဘော်ရေးက ထိပ်တန်းအဆင့် တိုက်စစ်မှူးခြေစွမ်းမျိုး မရှိဖြစ်နေတယ်။ နည်းပြ လော်ရန်ဇိုလက်ထက် အသင်းစုစည်းမှုကောင်းနေလို့သာ လက်ရှိအနေအထား မျိုးရောက်နေတာလို့ ပြောရမယ်။ ပါရာဂွေးအသင်းကတော့ ခြေစစ်ပွဲ အိမ်ကွင်း(၂)ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေကစားထားတယ်။  ကစားသမားပိုင်းအရလည်း ကိုလံဘီယာအသင်းနဲ့ တစ်ဦးချင်း သိပ်မကွာပါဘူး။ ပါရာဂွေးအသင်း ခံစစ်ကစားပုံ မာကျောတာမျိုးနဲ့တော့ ကိုလံဘီယာ အခက်တွေ့နိုင်တယ်။ ပါရာဂွေးနဲ့ စွန့်စားတာ ပိုကောင်းမယ်။

ဥရုဂွေး – ဘိုလစ်ဗီးယား (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၆းဝ၀ နာရီ)

ဘရာဇီးလ်၊ အာဂျင်တီးနားတို့လို ဒေသတွင်းထိပ်သီးအသင်းတွေကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ဥရုဂွေးရဲ့စွမ်းဆောင်ရည်က အံ့သြမှင်သက်စရာကောင်းတယ်။ အာဂျင်တီးနားနိုင်ငံသား နည်းပြ ဘီယဲလ်ဆာလက်ထဲမှာ ဥရုဂွေးအသင်းက ခေတ်သစ်တစ်ခုဆီ သွားနေပြီး ယုံကြည်မှုလည်း အတော်ရှိနေတယ်။ ဘိုလစ်ဗီးယားအသင်း နိုင်ပွဲစရထားပေမဲ့ အထင်ကြီးစရာ မရှိပါဘူး။ ဥရုဂွေး (၃)ဂိုးလောက်ပြတ်လိမ့်မယ်။

အီကွေဒေါ – ချီလီ (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၆းဝ၀ နာရီ)

အီကွေဒေါအသင်းက ခြေစစ်ပွဲ(၂)ပွဲဆက် နိုင်ပွဲပျောက်သွားသလို၊ သွင်းဂိုးလည်းမရ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုလံဘီယာ၊ ဗင်နီဇွဲလားတို့လို လတ်တလောရလဒ်ကောင်းနေတဲ့ အသင်းတွေနဲ့ ကစားရတာဖြစ်လို့ ဆိုးရွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ချီလီကတော့ ကစားထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲစလုံး အရေးနိမ့်ထားတာ တွေ့ရတယ်။ အီကွေဒေါ အနိုင်သေချာတဲ့ပွဲပါ။

ပီရူး – ဗင်နီဇွဲလား (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၈း၃၀ နာရီ)

ပီရူးအသင်းရဲ့အခြေအနေက အဆိုးရွားဆုံးဖြစ်သွားပြီ။ ခြေစစ်ပွဲ နိုင်ပွဲမရသေးတာဆိုတာထက် သွင်းဂိုးပါ တစ်ဂိုးမှမရသေးတာက ပိုပြီးစိတ်ပျက်စရာကောင်းပါတယ်။ ၀ါရင့်တိုက်စစ်မှူး ဂွါရဲရိုးနဲ့ ဆေးမြီးတိုကုထုံးကလည်း အလုပ်မဖြစ်ပါဘူး။ ဗင်နီဇွဲလားရဲ့လတ်တလော Form ကတော့ ပီရူးအသင်းထက် အဖက်ဖက်က သာနေပါတယ်။ ဗင်နီဇွဲလားအသင်း အမှတ်ရဦးမယ်ထင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular