spot_img

၂၀၂၄ခုနှစ် MLS Supporters’ Shieldကို ကိုင်မြှောက်နိုင်ရေး‌မှာ အင်တာမီယာမီအသင်းအတွက် သူရဲကောင်းတွေဖြစ်ခဲ့တဲ့ မက်ဆီနဲ့ ဒရိတ်ခ်ကလင်ဒါ

မက်ဆီနဲ့ ကလင်ဒါတို့ဟာ မီယာမီအသင်းရဲ့ မေဂျာလိဂ် ပုံမှန်ရာသီဖလားတစ်ခုကို အနိုင်ရရှိခဲ့မှုမှာ အဓိကကျတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကိုလမ်ဘက်စ်ခရူအသင်းကို ၃ဂိုး၊ ၂ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်းမှာ လီယွန်နယ်မက်ဆီဟာ အင်တာမီယာမီအသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုရာသီတွင် မက်ဆီဟာ သွင်းဂိုးပါဝင်ပတ်သတ်မှု ၃၂ ကြိမ်အထိ ရှိပြီဖြစ်ပြီး အင်တာမီယာမီအသင်းကို MLS Supporters’ Shield ကိုင်မြှောက်နိုင်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။

မနေ့ညက ပွဲစဉ်မှာတော့ အာဂျင်တိုင်း ကစားသမားက အသင်းအတွက် ဦးဆောင်ဂိုးကို ၄၅မိနစ်မှာ သွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးဖို့ ၄ မိနစ်အလိုအမှာတော့ မီယာမီအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို လီယိုကပဲ ဖရီးကစ်ကနေတဆင့် ရင်သပ်ရှုမောဖွယ် သွင်းယူပေးသွားခဲ့ပါတယ်။

myan789

ဒုတိယပိုင်းစတင်ပြီး စက္ကန့် ၂၀ အကြာမှာပဲ ကိုလမ်ဘက်စ်ခရူအသင်းရဲ့ တောင်ပံကစားသမား ဒီယေဂိုရော့ဆီက ပထမချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မီယာမီအသင်းဘက်ကလည်း ချက်ချင်း တုန့်ပြန်နိုင်ခဲ့ပါတယ်။ ချေပဂိုး တစ်ဂိုးပေးရပြီး စက္ကန့်၆၀ အကြာမှာပဲ လူးဝစ်ဆွာရက်ဇ်က ခရူအသင်းနဲ့ အမေရိကန်လက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသမား ပက်ထရစ်ရှုထ်ရဲ့ အမှားကနေတဆင့် မီယာမီတို့အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ၃ဂိုး-၁ဂိုးနဲ့ ဦးဆောင်နိုင်နေချိန်မှာတော့ မီယာမီတို့ဟာ ပွဲသိမ်းခရာ မှုတ်သည်အထိ မျှောကစားသွားဖို့ ကြံရွယ်ခဲ့ပုံရပြီး သက်တောင့်သက်သာပဲ ကစားနေခဲ့ကြပါတယ်။

ပွဲကစားချိန် ၆၁ မိနစ်အရောက်မှာတော့ ခရူတို့ ပင်နယ်တီတစ်လုံးရရှိခဲ့ပြီး တိုက်စစ်မှူး ကူချိုဟာနန်ဒက်ဇ်က သွင်းယူကာ မီယာမီတို့နဲ့ ၁ဂိုးအကွာသာ ဖြစ်စေခဲ့ပါတယ်။ ၂ မိနစ်ခန့်အကြာမှာတော့ ကိုလမ်ဘက်စ်ခံစစ်မှူး ရူဒီကာမာချို နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

Messi and Derek Klein are the heroes as Inter Miami wins the 2024 MLS Supporters' Shield

ပွဲကစားချိန် ၈၂ မိနစ်အရောက်မှာတော့ မီယာမီနောက်ခံလူ အီယန်ဖရေး ပင်နယ်တီဧရိယာအတွင်းမှာ လက်ထိဘော ကျူးလွန်ခဲ့မိတာကြောင့် ခရူတို့အတွက် ‌ပင်နယ်တီတစ်လုံး လက်ဆောင်ရရှိခဲ့ပါတယ်။ ခရူတိုက်စစ်မှူး ကူချိုဟာနန်ဒက်ဇ်အတွက် အသင်းကို သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်မဲ့ အခွင့်အရေးရရှိခဲ့ပေမဲ့လည်း မီယာမီဂိုးသမား ဒရိတ်ကလင်ဒါက ကိုလမ်ဘက်စ်တို့ရဲ့ ပင်နယ်တီကန်သွင်းချက်ကို မားမားမတ်မတ် ကာကွယ် ပေးသွားခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် မီယာမီအသင်းဟာ ၂၀၂၄ခုနှစ်ရဲ့ ပုံမှန် ရာသီဖလားတစ်လုံးကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပေမဲ့ ခက်ခဲတဲ့ ပွဲစဉ်တစ်ခုကို ဖြတ်ကျော်ခဲ့ရပါတယ်။

ကိုလမ်ဘက်စ် ပရိတ်သတ်တွေအကြားမှာတော့ ကစားပွဲအတွင်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ပွဲချိန်ပထမပိုင်းအတွင်း ဆာဂျီယိုဘူစ်ကွက်စ်ရဲ့ ခပ်ကြမ်းကြမ်းဖြတ်ထုတ်မှုကို VAR မှာ အချိန်အကြာကြီး ကြည့်ခဲ့ပေမဲ့ ပြစ်ဒဏ်‌ဘောမဟုတ်ကြောင်း သတ်မှတ်ခဲ့တာက ကိုလမ်ဘက်စ် ပရိတ်သတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

တချိန်တည်းမှာပဲ မီယာမီအသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဖတ်ဒရီကိုရီဒွန်ဒိုနဲ့ မာဆယ်လိုဝေဂန်တို့ဟာ အဝါကဒ် အကန့်အသတ်ပြည့်မြောက်သွားပြီဖြစ်လို့ ပွဲပယ်ပြစ်ဒဏ်ကျသင့်မှာ ဖြစ်ပြီး တိုရွန်တိုအသင်းနဲ့ ကစားရမဲ့ စနေနေ့ညပွဲစဉ်မှာ ပါဝင်နိုင်ခွင့် မရှိတော့တာ ဖြစ်ပါတယ်။

ဒီလိုဆိုရင်တောင် မီယာမီတို့က ဂရုစိုက်နေစရာမလိုပါဘူး။ အင်တာမီယာမီအသင်းဟာ 2024 ခုနှစ်ရဲ့ပုံမှန်ရာသီဖလား ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး မက်ဆီနဲ့အတူ ကလင်ဒါဟာလည်း မီယာမီရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။

အခုလို အောင်နိုင်မှုကြောင့် မက်ဆီအတွက် ကစားသမားဘဝ ၄၆ လုံးမြောက် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး အင်တာမီယာမီအတွက်တော့ မကဆီဝင်ရောက်လာခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ ဒုတိယမြောက်ဖလား ဖြစ်လာခဲ့ပါတယ်။ ဘောလွန်းဒီအော ၈ ဆုရှင်ဟာ ယခုရာသီမှာ မီယာမီအသင်းအတွက် သွင်းဂိုး ၁၇ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ လုပ်ဆောင်ပေးထားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular