ပြင်သစ် – ပိုလန် (တနင်္ဂနွေည ၉း၃၀ နာရီ)
ပြင်သစ်က အုပ်စုနောက်ဆုံးပွဲမှာ တူနီးရှားကို ရှုံးခဲ့တယ်။ ဒါပေမဲ့ နည်းပြ ဒေးရွှမ့်က အရန်ကစားသမားအများစုကို ထည့် သွင်းအသုံးပြုခဲ့ပြီး အားလည်း သိပ်မစိုက်ခဲ့တာ တွေ့ရတယ်။ ပြင်သစ်က ဒီပွဲမှာ ဘာပေ၊ ဒမ်ဘီလီတို့ကို တောင်ပံတိုက်စစ်နေ ရာတွေမှာပဲ အသုံးပြုသွားဖို့ ရှိပြီး တိုက်စစ်မှာ ဂျရူးပွဲထွက်လာဦးမှာပါ။ လက်ရှိ ပြင်သစ်ရဲ့ ပုံစံက အားရစရာကောင်းပြီး တိုက် စစ်ကလည်း ထက်မြက်ပါတယ်။ ပိုလန်ကတော့ လီဝန်ဒေါစကီး၊ မီလစ်ခ်၊ ဇီလင်စကီးတို့လို ကစားသမားတွေရှိပေမဲ့ သိပ်ပြီး အလုပ်မဖြစ်သေးဘူး။ ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ပွဲမှာဆိုရင် ပိုလန်ကစားပုံက လုံးဝအသက်မဲ့နေခဲ့ပြီး ဂိုးသမားဆဇက်စနီသာ လက်စွမ်းမပြနိုင်ခဲ့ရင် ပိုလန်အသင်း အုပ်စုအဆင့်နဲ့ လှည့်ပြန်ရမယ့် အနေအထားပါပဲ။ ဒီပွဲမှာလည်း ပိုလန်အသင်း ခံစစ်မှာ ပိတ်ဆို့ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တွေ ကုန်လွန်သွားလိမ့်မယ်။ ပြင်သစ် မိနစ် (၉၀)အတွင်း အနိုင်ကစားလိမ့်မယ်
အင်္ဂလန် – ဆီနီဂေါ (တနင်္လာနံနက် ၁း၃၀ နာရီ)
အင်္ဂလန်က အုပ်စုပွဲစဉ် (၃)ပွဲမှာ Clean Sheet နှစ်ပွဲရခဲ့တယ်။ ဝေးလ်စ်ကိုနိုင်တယ်။ အီရန်ကို နိုင်တယ်။ နိုင်ပွဲနှစ်ပွဲကို ကြည့်ရင် တိုက်စစ်ပိုင်းက အမြန်နှုန်း တင်ကစားနိုင်စွမ်းမရှိတဲ့ အသင်းတွေကို အလွယ်တကူ ကစားနိုင်ခဲ့ပြီး၊ တစ်ဦးချင်းထိုး ဖောက်ပုံကောင်းတဲ့ အမေရိကန်နဲ့ပွဲမှာ အင်္ဂလန် ခက်ခဲခဲ့တာတွေ့ရတယ်။ ဒါက အင်္ဂလန်ရဲ့ တကယ့်အခြေအနေမှန်ဖြစ်ပြီး အင်္ဂလန်ခံစစ်ဟာ အမြန်နှုန်းကို ထိန်းချုပ်တဲ့အပိုင်းမှာ စိုးရိမ်ရတယ်။ အီရန်နဲ့ပွဲမှာ ပေးလိုက်ရတဲ့ဂိုးကို ကြည့်ရင်လည်း အမြန် နှုန်းကိုမထိန်းချုပ်နိုင်တဲ့ ပြဿနာဖြစ်တယ်။ ဆီနီဂေါကစားသမားတွေက မာကျောတယ်။ ကြံ့ခိုင်တယ်၊ တစ်ဦးချင်းကောင်းပြီး လုံလောက်တဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားကြတာလည်း တွေ့ရတယ်။ အင်္ဂလန် အလွယ်တကူ နိုင်ဖို့ခက်တဲ့ပွဲဖြစ်ပြီး မိနစ် (၉၀) အတွင်း သရေကျသွားနိုင်တယ်။ နိုင်ရင်လည်း ဂိုးပြတ်ဖို့ခက်တယ်။ ဆီနီဂေါကို ကြိုက်တယ်။