ဆွီဒင် – ကိုဆိုဗို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၀ ရက် ည ၁၀:၃၀ နာရီ)
ဆွီဒင်အသင်းရဲ့ကွင်းမှာ ကိုဆိုဗို သရေတစ်မှတ်တောင် ယူဖို့ မလွယ်ပါဘူး။ ဆွီဒင်ရဲ့ လက်ရှိအနေအထားက ဥရောပ ထိပ်တန်းအဆင့်ကို ပြန်ရောက်လာပြီဖြစ်ပြီး စပိန်ကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်ယူနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်။ ဆွီဒင် နိုင်ပွဲယူလိမ့်မယ်။
ဖင်လန် – ယူကရိန်း (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၀ ရက် ည ၁၀:၃၀ နာရီ)
ဖင်လန်နဲ့ ယူကရိန်းတို့က ပြင်သစ်ကို အမီလိုက်ဖို့ မလွယ်တော့ပါဘူး။ သူတို့အချင်းချင်းပဲ အုပ်စုဒုတိယနေရာအတွက် အပြိုင်ရုန်းကန်ရမယ့် အနေအထားဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ ယူကရိန်းက ပိုကောင်းတဲ့အသင်းလို့ ပြောနိုင်ပေမဲ့ လက်ရှိအနေအထားမှာတော့ ဖင်လန်ရဲ့စုဖွဲ့မှုနဲ့ ကစားအားက ယူကရိန်းကို ဒုက္ခပေးနိုင်ပါတယ်။ သရေကျဖို့များတယ်။
စကော့တလန် – အစ္စရေး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၀ ရက် ည ၁၀:၃၀ နာရီ)
ဒိန်းမတ်က အုပ်စုဗိုလ်နေရာအတွက် ပြေးနေချိန်မှာ စကော့တလန်၊ အစ္စရေး၊ သြစတြီးယားတို့က အုပ်စုဒုတိယနေရာ အတွက် အပြိုင်လုရမယ့်အနေအထားလည်းဖြစ်တယ်။ ခြေစွမ်းသိပ်မကွာကြလို့ သရေဖြစ်သွားနိုင်တယ်။
ဆွစ်ဇာလန် – မြောက်အိုင်ယာလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
ဆွစ်ဇာလန်က အီတလီနဲ့ အမှတ်ကွာနေတယ်ဆိုပေမဲ့ အီတလီထက် ပွဲလျော့နေတာကို သတိပြုရမယ်။ မြောက်အိုင် ယာလန်ကို အနိုင်ကစားဖို့က ဆွစ်ဇာလန်အတွက် အရမ်းအရေးကြီးနေတယ်။ ဆွစ်ဇာလန်က မြောက်အိုင်ယာလန်ထက် စုဖွဲ့မှုပိုကောင်းပြီး ကစားသမားကောင်းတွေလည်းရှိပေမဲ့ တိုက်စစ်ပိုင်း အားနည်းနေတယ်။ (၁-၀)လောက်ပဲဖြစ်မယ်။
မော်လ်ဒိုဗာ – ဒိန်းမတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
အမှတ်ပေးဇယားထိပ်ဆုံးက ပြေးနေတဲ့ ဒိန်းမတ်အတွက် အခက်အခဲမရှိတဲ့ပွဲပါ။ အဝေးကွင်းဆိုပေမဲ့ အုပ်စုဗိုလ်နေရာ သေချာဖို့ အနိုင်ကစားမယ်။ ဂိုးပြတ်သွင်းလိမ့်မယ်။
အန်ဒိုရာ – အင်္ဂလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
အင်္ဂလန်က အနီးကပ်ဆုံးပြိုင်ဘက် ပိုလန်ကို တစ်ပွဲနိုင်၊ တစ်ပွဲသရေကစားထားပြီး ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားခဲ့ တယ်။ ဒီအုပ်စုမှာ တခြားအသင်းတွေထက် သိသိသာသာအားသာနေပြီး အုပ်စုဗိုလ်နေရာကို လွယ်လွယ်ကူကူ ရယူပါလိမ့်မယ်။ အန်ဒိုရာက အုပ်စုတွင်းမှာ နိုင်ပွဲတစ်ပွဲသာရထားပြီး ကျန်ပွဲစဉ်အားလုံး ရှုံးပွဲတွေ့ခဲ့တယ်။ နိုုင်ခဲ့တဲ့ပွဲကလည်း ဥရောပရဲ့အညံ့ဆုံးအသင်းဖြစ်တဲ့ ဆန်မာရီနိုကို နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ အဆင့်အတန်း အရမ်းကွာဟနေပါတယ်။ ပထမအကျော့တုန်းက အင်္ဂလန်အသင်းရဲ့ကွင်းမှာ (၄-၀)ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဒီပွဲမှာလည်း အင်္ဂလန်အသင်းအတွက် အလွယ်တကူ နိုင်ပွဲရှာဖွေမယ့်ပွဲဖြစ်နေတယ်။ အန်ဒိုရာကွင်းဆိုပေမဲ့ အင်္ဂလန် ဂိုးပြတ်သွင်းလိမ့်မယ်။ ပထမအကျော့ကလို ရလဒ်မျိုးပဲ ထွက်လာလိမ့်မယ်ထင်တယ်။
ပိုလန် – ဆမ်မာရီနို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
ပိုလန်အသင်း ဂိုးသွင်းလေ့ကျင့်မယ့်ပွဲဖြစ်တယ်။ ဆန်မာရီနိုက အသင်းတိုင်းကို ရှုံးနေကျအသင်းဖြစ်ပြီး ဂိုးတွေလည်း အများကြီးပေးလေ့ရှိတယ်။ ပိုလန်က အုပ်စုတွင်းမှာ ဒုတိယနေရာမှာရှိတဲ့ အယ်လ်ဘေးနီးယားကိုလည်း အမီလိုက်ရမှာဖြစ်လို့ ပိုလန် ဂိုးမိုးရွာလိမ့်မယ်။