spot_img

၂၀၂၂ ကမ္ဘာ့ဖလားမှာ နောက်ဆုံးပြိုင်ပွဲဖြစ်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည့် နေမာကို သီယာဂိုးဆေးလ်ဗား ကာကွယ်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနှင့် နောက်ဆုံးကစားသည့်ပြိုင်ပွဲဖြစ်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို အသင်းဖော် သီယာဂိုဆေးလ်ဗားက ကာကွယ်ပြောကြားခဲ့သည်။

အသက်(၂၉)နှစ်အရွယ်ရှိ PSG တိုက်စစ်မှူး နေမာသည် DAZN နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ၂၀၂၂ ကမ္ဘာ့ဖလားမှာ မိမိအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ပြီး ဘောလုံးဆက်ကစားရန် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရှိ၊ မရှိ မသိနိုင်ကြောင်း ဖွင့်ဟခဲ့သည်။

myan789

နေမာအနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းကို စီရော်နယ်လ်ဒို၊ မက်ဆီ၊ အီဘရာဟီမိုဗစ်တို့နှင့် နှိုင်းယှဉ်ကာ ပရိသတ်များက လှောင်ပြောင်ခဲ့ကြသလို၊ မိုနာကိုကစားသမားဟောင်း ရိုသန်ကလည်း နေမာ၏ပြောစကားမှာ ၎င်းကို လစာများစွာပေးချေပြီး အဓိကကစားသမားအဖြစ် နေရာပေးနေသည့် PSG အသင်းအတွက် စိတ်ပျက်စရာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ယခုအခါ သီယာဂိုဆေးလ်ဗားက နိုင်ငံအသင်းဖော် နေမာဘက်မှ ကာကွယ်ခဲ့ခြင်းဖြစ်ပြီး နေမာအနေဖြင့် ဘောလုံးကစားခြင်းကို မငြီးငွေ့ ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သီယာဂိုဆေးလ်ဗားက ”ကျွန်တော့်အနေနဲ့ ဘရာဇီးလ်အသင်းမှာ နေမာလို အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ အထူးသဖြင့် ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာပေါ့။ အဲဒီတုန်းက လူတွေက ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာအားနည်းတယ်လို့ ဝေဖန်ခဲ့ကြတယ်။ နေမာအနေနဲ့ ဘောလုံးအပေါ် မငြီးငွေ့ဖို့ မျှော်လင့်ပါတယ်။ သူ့အနေနဲ့ ပျော်ရွှင်စွာနဲ့ ဘောလုံးဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ သူက ပျော်နေရင် အားလုံးကို လုပ်နိုင်သူပါ။ ဆေးလ်ဗားတစ်မိသားစုလုံးက နေမာကိုချစ်ပြီး အားလုံး သူ့ကို အားပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular