ဘရာဇီးလ်အသင်း၏ နာမည်ကျော်တိုက်စစ်မှူး နေမာက ၂၀၂၂ ကမ္ဘာ့ဖလားသည် မိမိအတွက် နောက်ဆုံးက မ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
နေမာသည် အသက်(၂၉)နှစ်သာ ရှိသေးသော်လည်း ဘောလုံးဆက်ကစားလိုစိတ် မရှိနိုင်တော့၍ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမာက ”လာမယ့်ပြိုင်ပွဲက ကျွန်တော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ဘောလုံးဆက်ကစားလိုစိတ် ရှိပါ့မလားဆိုတာ မသိနိုင်လို့ပါ။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်အောင်ကြိုးစားသွားမှာပါ။ လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဟုဆိုခဲ့သည်။