spot_img

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ လူကျွံဘောဖြစ်၊ မဖြစ်ကို နည်းပညာအကူအညီဖြင့် ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု အာစင်ဝင်းဂါး ဆို

အာဆင်နယ်အသင်း၏ နည်းပြဟောင်း အာစင်ဝင်းဂါးက လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ လူကျွံဘောဖြစ်၊ မဖြစ်ကို နည်းပညာအကူအညီဖြင့် ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် လက်ရှိအချိန်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးတိုး တက်ရေးအကြီးအကဲအဖြစ် ဆောင် ရွက်နေပြီး လက်ရှိကျင့်သုံးနေသည့် ဘောလုံးဥပဒေများကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ဆန္ဒရှိနေသူလည်း ဖြစ်သည်။

myan789

အာစင်ဝင်းဂါးက လူကျွံဘောဖြစ်၊ မဖြစ်ကို နည်းပညာအကူအညီဖြင့် ဆုံးဖြတ်နိုင်ရန် စီစဉ်နေပြီး VAR ကို ပြန်ကြည့်၍ ဆုံးဖြတ်ခြင်းမှာ ပွဲကို နှောင့်နှေးကြန့်ကြာစေသောကြောင့် ဂိုးဝင်၊ မဝင်ဆုံးဖြတ်သည့် နည်းပညာကဲ့သို့ လက်ထောက်ဒိုင်လူကြီးထံ အချက်ပေးသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

အာစင်ဝင်းဂါးက “လက်ရှိအ ချိန်မှာ လူကျွံဘောဖြစ်၊ မဖြစ် ဆုံးဖြတ်ရတာ အကြမ်းဖျင်းအားဖြင့် တစ်ကြိမ်ကို စက္ကန့်(၇၀)ဝန်းကျင် ကြာမြင့်ပါတယ်။ တစ်ခါတစ်ရံ တစ်မိနစ်နဲ့ စက္ကန့်(၂၀)လောက်ကြာတတ်ပြီး အဲ ဒီထက်ကြာတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် နည်းပညာအကူအ ညီယူဖို့ စီစဉ်တာပါ။ စည်းကြပ်ဒိုင်ဆီကို အချက်ပြမယ့် ဒီစနစ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ အသင့်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အနိမ့်ဆုံး တော့ VAR ဒိုင်တွေက အချက်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် တွန်းအားပေးကြိုးပမ်းနေပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular