spot_img

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲကြိုသုံးသပ်ချက်

ဂရိ – ဆွီဒင် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဆွီဒင်က နောက်ဆုံးပွဲတွေမတိုင်ခင်အထိ (၃)ပွဲ (၉)မှတ်၊ ဂရိက (၂)ပွဲ (၂)မှတ်ပဲ ရထားတယ်။ စပိန်ကို သရေခံကစားတဲ့ ဂရိက ချီးကျူးစရာဆိုပေမဲ့ ဂျော်ဂျီယာလိုအသင်းနဲ့လည်း သ ရေပဲရတယ်။ ဂရိက တိုက်စစ်အားနည်းတယ်။ ဆွီဒင်က အရမ်း အားကောင်းနေတယ်။ ဆွီဒင်ကို ကြိုက်တယ်။

ကိုဆိုဗို – စပိန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
စပိန်က ပထမအကျော့တုန်းက အိမ်ကွင်းမှာ (၃-၁)နဲ့ နိုင်ခဲ့တယ်။ တကယ်တော့ ကိုဆိုဗိုလိုအသင်းကို ဒီလောက်ပဲ ဂိုးသွင်းနိုင်တာ အားနည်းတာပါပဲ။ စပိန်ရဲ့ခြေစွမ်းက ယူရိုမှာပဲ ကောင်းပြီး မတိုင်ခင်နဲ့အပြီးက သိပ်မဟုတ်ပြန်ဘူး။ ယူရိုမှာ လည်း ခြေစွမ်းကောင်းပေမဲ့ တိုက်စစ်က ဂိုးသိပ်မရတဲ့ပွဲက များ ပါတယ်။ ဒီပွဲလည်း ကိုဆိုဗိုကို မနိုင်မဖြစ် အနိုင်ကစားရလို့ နိုင် မှာသေချာပေမဲ့ ဂိုးတော့ မပြတ်နိုင်ဘူး။

myan789

အီတလီ – လစ်သူယေးနီးယား (ကြာသပတေးနံနက် ၁း၁၅ နာရီ)
အီတလီအတွက် လစ်သူယေးနီးယားက အပင်ပန်းခံစ ရာမလိုဘဲ အနိုင်ရမယ့်ပွဲပါ။ ဒါပေမဲ့ ဘူလ်ဂေးရီးယားကို သရေ ကစားခဲ့တာမျိုးကတော့ စိတ်ပျက်စရာကောင်းတယ်။ လစ်သူ ယေးနီးယားကတော့ အီတလီခံစစ်အတွက် စိတ်ပူစရာမရှိသ လို၊ တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့မခက်နိုင်ဘူး။ အီတလီက ဂိုး အများကြီး သွင်းလေ့မရှိုလို့ (၂-ဝ၊ ၃-ဝ)လောက်ပဲ ဖြစ်မယ်။

မြောက်အိုင်ယာလန် – ဆွစ်ဇာလန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
အသင်းကောင်းနှစ်သင်းရဲ့ပွဲပါ။ ဆွစ်ဇာလန်က ပိုကောင်း ပေမဲ့ အရမ်းမကွာဘူး။ မြောက်အိုင်ယာလန်ကလည်း ကစား သမားကောင်းအချို့ရှိပြီး အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခ ပေးခဲ့ဖူးတဲ့ အစဉ်အလာလည်းရှိတယ်။ တိုက်စစ်ပိုင်းမှာ ဆွစ်ဇာ လန်က ပိုကောင်းပေမဲ့ မြောက်အိုင်ယာလန်ရဲ့ ခံစစ်ကစားပုံက လည်း ကောင်းပါတယ်။ မြောက်အိုင်ယာလန် သရေလောက် တော့ ခံကစားနိုင်မယ်ထင်တယ်။

ဘီလာရုစ် – ဘယ်လ်ဂျီယံ (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ယူရိုပြိုင်ပွဲမတိုင်ခင် ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ဘယ်လ်ဂျီ ယံက ဘီလာရုစ်ကို (၈)ဂိုးပြတ် အနိုင်ရခဲ့တယ်။ ဘီလာရုစ်က ဒီအုပ်စုမှာ အက်စ်တိုးနီးယားကို အနိုင်ရထားတာကလွဲပြီး ကျန် အသင်းတွေကို ယှဉ်နိုင်စွမ်းမရှိပါဘူး။ ဘယ်လ်ဂျီယံက ဒီဘက် (၂)နှစ်လောက်အတွင်းမှာ အနည်းငယ်ကျဆင်းလာပုံပေါ်ပေမဲ့ အားကောင်းနေဆဲ၊ နိုင်သင့်တဲ့ပွဲတွေကို အပြတ်အသတ် အနိုင် ကစားနေဆဲဆိုတာ တွေ့ရတယ်။ ဒီပွဲလည်း ဘယ်လ်ဂျီယံ ဂိုး ပြတ်သွင်းပါလိမ့်မယ်။

ဝေးလ်စ် – အက်စ်တိုးနီးယား (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဝေးလ်စ်ရဲ့ လက်ရှိကစားပုံက မဆိုးဘူးလို့ ပြောလို့ရ တယ်။ ရလဒ်တွေလည်း ငြိမ်ပါတယ်။ လက်ရှိ လူအင်အား၊ စုဖွဲ့ မှုကလည်း အက်စ်တိုးနီးယားနဲ့ တော်တော်လေးကွာတယ်။ က စားရမှာကလည်း အိမ်ကွင်းဖြစ်နေတဲ့အတွက် ဝေးလ်စ် နိုင်ပွဲ ယူမယ့်ပွဲပါ။

ဟန်ဂေရီ – အန်ဒိုရာ (ကြာသပတေးနံနက် ၁း၁၅ နာရီ)
အင်္ဂလန်နဲ့ ပိုလန်တို့ ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ ဟန် ဂေရီက (၃)မှတ်ရဖို့ သေချာနေတယ်။ အင်္ဂလန်နဲ့ ပွဲတုန်းက ပထမပိုင်းကစားပုံကောင်းပေမဲ့ ဒုတိယပိုင်းမှာ ပြိုကျသွားခဲ့ တယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဟန်ဂေရီက မာကျောတဲ့အသင်း ကောင်းပါ။ အန်ဒိုရာကိုလည်း အလွယ်တကူနိုင်ပါလိမ့်မယ်။

ပိုလန် – အင်္ဂလန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့သလို၊ အခုအချိန်အထိလည်း အင်္ဂလန်အသင်းရဲ့ Tempo က ရပ်မသွားသေးဘူး။ အကောင်းဆုံး ကစားနိုင်ဆဲ၊ ရလဒ်ကောင်းတွေ ယူနေဆဲဖြစ်တယ်။ ဟန်ဂေရီကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ အခက်အခဲတချို့ရှိခဲ့ပေမဲ့ အချိန် တန်တော့ နိုင်ပွဲယူနိုင်ခဲ့တဲ့အပြင် ဒုတိယပိုင်းဂိုးတွေကြောင့် ဂိုးပါပြတ်ခဲ့တယ်။ ပိုလန်က အင်္ဂလန်ကို အနီးကပ်ဆုံး ဖိအားပေး နေတဲ့အသင်းပါ။ ဒါပေမဲ့ (၄)ပွဲကစားပြီး (၇)မှတ်ပဲရထားသေးလို့ အင်္ဂလန်နဲ့ (၅)မှတ်တောင်ပြတ်နေတယ်။ ဒီပွဲကိုသာ အင်္ဂလန် အနိုင်ကစားခဲ့ရင် ခြေစစ်ပွဲတစ်ဝက်မှာ ပိုလန်ကို (၈)မှတ်ဖြတ်ပြီးသားဖြစ်သွားမယ်။ ကျန်ပွဲစဉ်တွေက အရမ်းလွယ်ကူသွားလိမ့် မယ်။ လက်ရှိခြေစွမ်းအရလည်း ပိုလန်က အင်္ဂလန်ကို မယှဉ်နိုင်ပါဘူး။ အင်္ဂလန်ပဲနိုင်မယ်။

အိုက်စလန် – ဂျာမနီ (ကြာသပတေးနံနက် ၁း၁၅ နာရီ)
လက်ရှိ ဂျာမနီအသင်းရဲ့လူအင်အားက အရင်အသင်း အတိုင်း အများကြီးမပြောင်းလဲပေမဲ့ ကစားပုံပိုငြိမ်လာတယ်။ ဟန်ဆီဖလစ်ခ်က ဂျာမနီအသင်းကို ပိုမိုတည်ငြိမ်ပြီး၊ ဂိုးသွင်း နှုန်းမြင့်တဲ့ အသင်းတစ်သင်းအဖြစ် ကူညီလိမ့်မယ်။ ကိုင်ဟာ ဗက်ဇ်၊ နာဘရီတို့ ဦးဆောင်တဲ့တိုက်စစ်က အိုက်စလန်ကို အ ဝေးကွင်းမှာ အနိုင်ယူပေးပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular