spot_img

၂၀၂၁-၂၂ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်းတွင် ချယ်လ်ဆီးအသင်း ပေါင် ၁၂၁ သန်း အရှုံးပေါ်

၂၀၂၁-၂၂ ဘောလုံးရာသီ ဘဏ္ဍာရေး ရှင်းတမ်းတွင် ချယ်လ်ဆီးအသင်းသည် အသားတင် ပေါင် ၁၂၁ သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပတ်သက်မှုဖြင့် အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်အပေါ် အရေးယူခဲ့မှုများက အဓိက အကြောင်းရင်းဖြစ်ခဲ့သည်။ ချယ်လ်ဆီးအနေဖြင့် နှစ်နှစ်အတွင်း ဘဏ္ဍာရေးအရှုံးပြမှုမှာ ပေါင် ၂၇၄ သန်းအထိရှိလာပြီး ယခုရှင်းတမ်းတွင် အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားသစ် ၁၇ ဦးခေါ်ယူမှုအတွက် ပေါင် ၅၆၆ သန်းအထိသုံးစွဲခဲ့သည့်ငွေကြေးများ မပါဝင်သေးကြောင်း သိရသည်။ 

myan789

ယင်းအပြောင်းအရွှေ့အသုံးစရိတ်သည် လာမည့် ၂၀၂၂-၂၃ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်းတွင် အကျုံးဝင်မည်ဖြစ်သည်။ လက်ရှိ အခြေအနေအရ ချယ်လ်ဆီးအသင်းသည် FFP စည်းမျဉ်းဖြင့် အရေးယူမှုမှ လွတ်မြောက်နိုင်ရန်အတွက် လာမည့်နွေရာသီစျေးကွက်တွင် အသင်းမှ ကစားသမားအများအပြား ကို ရောင်းထုတ်ရန် လိုအပ်နေကြောင်း The Sun က ရေးသားခဲ့သည်။ 

ချယ်လ်ဆီးအသင်း သည် ၂၀၂၁-၂၂ ရာသီတွင် ဝင်ငွေစုစုပေါင်း ပေါင် ၄၈၁ သန်းအထိ ရရှိခဲ့ပြီး ၂၀၂၀-၂၁ ရာသီကရရှိခဲ့သည့် ပေါင် ၄၃၄ ဒသမ ၉ သန်း နှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ ချယ်လ်ဆီးအနေဖြင့် ကစားသမား ဝယ်ယူမှုအတွက် ပေါင် ၁၁၈ သန်း သုံးစွဲခဲ့ပြီး ကစားသမားရောင်းချမှုမှ ပေါင် ၁၂၃ ဒသမ ၂ သန်းအထိ ပြန်လည်ရရှိခဲ့သည်။ ထို့ပြင် Commercial ဝင်ငွေမှာလည်း ပေါင် ၁၇၇ ဒသမ ၁ သန်းအထိ တိုးလာခဲ့သည်။ 

ကန့်သတ်ချက်များကြောင့် ဘဏ္ဍာရေးအထိနာခဲ့ရမှုအပေါ် ချယ်လ်ဆီးအသင်းက ကန့်သတ်ချက်များသည် ကုန်ကျစရိတ်များစေခဲ့ပြီး ဝင်ငွေများလည်း ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် စတင်ကန့်သတ်ခံရချိန်မှ စီမံခန့်ခွဲမှုအဖွဲ့သစ်လက်ထဲရောက်သည့်အချိန်အထိ ကာလအနည်းငယ်ကြာခဲ့သဖြင့် ကန့်သတ်ချက်အချို့ကြောင့် လာမည့်နှစ်များအထိ ဘဏ္ဍာရေးအခြေအနေကို သက်ရောက်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular