၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပွဲစဉ်များ မဲခွဲပွဲအတွက် ဦးစားပေးအသင်းများ သတ်မှတ်ရာတွင် ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ PSG နှင့် ဇင်းနစ်အသင်းတို့သည် ထိပ်ဆုံးဦးစားပေးအသင်းများအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရှိရသည်။
UEFA ၏ ဦးစားပေးသတ်မှတ်ချက်များအရ ကလပ် Coefficient အမြင့်ဆုံးလိဂ်ပြိုင်ပွဲ (၆)ခု၏ အမှတ်ပေးချန်ပီယံ ကလပ်အသင်းများသည် Pot-1 တွင် ပါဝင်နေပြီး ယင်းအသင်း (၆)သင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့သည်လည်း Pot-1 တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။
ဒေါ့မွန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာမူ Pot-2 တွင် သေချာပေါက်ရှိနေကြမည်ဖြစ်သည်။
လက်ရှိအခြေအနေအရ Pot-3 တွင် ရှိနေသည့်အသင်းများမှာ ပေါ်တို၊ လိုက်ပ်ဇစ်၊ အင်တာမီလန်၊ အတ္တလန်တာတို့ဖြစ်ပြီး၊ ယင်းအသင်းများထဲတွင် ပေါ်တိုအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်၌ ဘိုင်ယန်မြူးနစ် သို့မဟုတ် PSG တို့ ဗိုလ်စွဲခဲ့ပါက ယင်းအသင်းများသည် ချန်ပီယံခွဲတမ်းဖြင့် Pot-1 သို့ ရောက်ထားပြီးဖြစ်သဖြင့် Pot-1 သို့ အစားထိုးဝင်ရောက်ခွင့်ရမည်ဖြစ်ကာ၊ လိုက်ပ်ဇစ်နှင့် အတ္တလန်တာတို့မှာမူ ၎င်းတို့ ကိုယ်တိုင်ဗိုလ်စွဲမှ Pot-1 သို့ ရောက်မည်ဖြစ်သည်။
ယူရိုပါလိဂ်တွင် ဆက်လက်ယှဉ်ပြိုင်နေသည့် အင်တာမီလန်အသင်းမှာလည်း ဗိုလ်စွဲခဲ့ပါက Pot-1 သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး၊ Pot-3 နှင့် Pot-4 ကြားတွင်ရှိနေသည့်အသင်းများမှာ လာဇီယို၊ လိုကိုမိုးတစ်မော်စကို၊ မာဆေးလ်၊ ဘရုဂေး၊ မိုချန်ဂလာဘတ်တို့ဖြစ်ကာ၊ Pot-4 တွင် သေချာပေါက်ရောက်ရှိနေသည့်အသင်းမှာ တူရကီကလပ် ဘာရှက်ဆီဟီအသင်းဖြစ်သည်။
၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအတော်များများ ထွက်ပေါ်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိနေသေးသည့် (၆)နေရာကိုမူ Play-offs မှ တက်လာသည့်အသင်းများက ရရှိမည်ဖြစ်ပြီး Play-offs ကစားမည့်အသင်းများသည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ချန်ပီယံအဖြစ်ထွက်ပေါ်လာမည့်အသင်းများအပေါ် မူတည်ကာ အပြောင်းအလဲများရှိနိုင်သေးသည်။
- Pot-1
- ချန်ပီယံလိဂ်ချန်ပီယံ
- ယူရိုပါလိဂ်ချန်ပီယံ
- ရီးယဲလ်မက်ဒရစ်
- လီဗာပူးလ်
- ဂျူဗင်တပ်စ်
- ဘိုင်ယန်မြူးနစ်
- PSG
- ဇင်းနစ်
- Pot-1 or 2
- ဘာစီလိုနာ
- အက်သလက်တီကို
- မန်စီးတီး
- မန်ယူ
- ဆီဗီလာ
- ရှက်တာဒိုးနက်
- Pot-2
- ဒေါ့မွန်
- ချယ်လ်ဆီ
- Pot-1,2 or 3
- ပေါ်တို
- Pot-1 or 3
- လိုက်ပ်ဇစ်
- Pot-1 or 3 or 4
- အင်တာမီလန်
- အတ္တလန်တာ
- Pot-3 or 4
- လာဇီယို
- လိုကိုမိုးတစ်မော်စကို
- မာဆေးလ်
- ကလပ်ဘရုဂေး
- မိုချန်ဂလာဘတ်
- Pot-4
- ဘာရှက်ဆီဟီ