မန်ယူအသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် စီရော်နယ်လ်ဒိုအား အရှေ့အလယ်ပိုင်းရှိ ဆော်ဒီကလပ်အသင်းတစ်သင်းက (၂)နှစ်စာအတွက် လစာငွေ ယူရိုသန်း (၃၀၀) (ပေါင် ၂၅၄ သန်း) ပမာဏဖြင့် လာရောက်ကစားရန် ကမ်းလှမ်းထားသည်ဟု စပိန်မီဒီယာများက ဖော်ပြနေသည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များကို ရှောင်လွဲှခဲ့သလို ရာသီကြို အာရှခရီးစဉ်တွင်လည်း ပါဝင်လာခဲ့ခြင်းမရှိချေ။
၎င်းအား PSG၊ ချယ်လ်ဆီး၊ နာပိုလီ၊ ရိုးမား စသည့် အသင်းများက စိတ်ဝင်စားနေကြကြောင်းလည်း သိရှိရသည်။ သို့ရာတွင် မည်သည့်အသင်းမျှ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘဲ စောင့်ကြည့်နေဆဲအနေအထား၌ ဆော်ဒီကလပ်အသင်းက တရားဝင်ချိတ် ဆက်လာခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတွင် အမြင့်မားဆုံးလစာငွေပေးရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။
တစ်နှစ်လုပ်ခ ယူရိုသန်း (၁၅၀)ဆိုသည့် တန်ကြေးမှာ PSG အသင်းတွင် ဘာပေ ရရှိနေသည့် တစ်ပတ် လုပ်ခ ယူရို (၁)သန်းနှုန်းထက် (၃)ဆ ပိုမိုများပြားသည့် ပမာဏဖြစ်ပြီး စီရော်နယ်လ်ဒိုသည် ယင်းအပြောင်းအရွှေ့ကိုလက်ခံပါက လူ့အခွင့်အရေး ရှု ထောင့်မှ ဝေဖန်မှုများနှင့် ရင်ဆိုင်ရမည့် အခြေအနေလည်းဖြစ်သည်။