အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာသည် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် Nations League တတိယနေရာလုပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၆၅ နောက်ပိုင်း အီတလီအသင်း၏ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဒွန်နာရမ်မာသည် (၂၂ နှစ်၊ ၇ လ၊ ၁၅ ရက်)ဖြင့် ယခုကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၅ ခုနှစ်က အသက်အငယ်ဆုံးဖြစ်ခဲ့သူမှာ ရီဗာရာ(၂၁ နှစ်၊ ၈ လ)ဖြစ်သည်။
အီတလီအသင်း၏ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် စံချိန်တင်ထားသူမှာမူ ၁၉၆၁ ခုနှစ်က ဘရူနိုနီကိုး(၂၁ နှစ်၊ ၆၁ ရက်)ဖြစ်ကြောင်း သိရသည်။