spot_img

(၁၃)နှစ်အတွင်း ရမှတ်အနည်းဆုံးရာသီကို ဘာစီလိုနာအသင်း ကြုံတွေ့ခဲ့ပြီး နိုင်ပွဲအနည်းဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့

ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၃၇)အဖြစ်ယှဉ်ပြိုင်ခဲ့သော ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် အိမ်ကွင်းနူးကမ့်၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် (၁၃)နှစ်အတွင်း လာလီဂါပြိုင်ပွဲတွင် ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၃၇)ပွဲကစားပြီးချိန်တွင် ရမှတ် (၇၆)မှတ်သာရရှိထားပြီး လက်ကျန်ပွဲစဉ် (၃၈)ကိုအနိုင်ရလျှင်ပင် ရမှတ် (၇၉)မှတ်သာရရှိမည်ဖြစ်သည်။

myan789

ယင်းမှာ ဒတ်ချ်လူမျိုးနည်းပြ ရီကတ်လက်ထက် ၂၀၀၇-၀၈ ရာသီက ရမှတ် (၆၇)မှတ်သာရရှိခဲ့သည့်နောက်ပိုင်း ယခုရာသီမှာ အသင်း၏လာလီဂါရမှတ်အနည်း ဆုံးရာသီ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ယခုရှုံးပွဲကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဇယားထိပ်ဆုံးမှ အက်သလက်တီကိုအသင်းနှင့် ရမှတ် (၇)မှတ်အထိကွာဟကာ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့သလို၊ အဆင့် (၄)နေရာမှ ဆီဗီလာ (၇၄ မှတ်)၏အဆင့် (၃)နေရာအတွက် ဖိအားပေးခြင်းကိုပါ ခံနေရပြီဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် (၁၃)နှစ်အတွင်း ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သလို နိုင်ပွဲအနည်းဆုံးရာသီအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၂၀၀၇-၀၈ ရာသီက လာလီဂါ (၃၈)ပွဲကစားပြီးချိန်တွင် နိုင်ပွဲ (၁၉)ပွဲသာ ရရှိခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀-၂၁ ရာသီတွင်မူ ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါ (၃၇)ပွဲကစားပြီးချိန်တွင် နိုင်ပွဲ (၂၃)ပွဲသာရရှိထားရာ (၁၃)နှစ်အတွင်း နိုင်ပွဲအနည်းဆုံးရာသီအဖြစ် မှတ်တမ်းဆိုးတစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီလာ လီဂါပြိုင်ပွဲတွင် ရှုံးပွဲ (၆)ပွဲအထိ ကြုံတွေ့ထားခြင်းမှာလည်း ၂၀၀၇-၀၈ ရာသီက တစ်ရာသီအတွင်း ရှုံးပွဲ (၉)ပွဲကြုံတွေ့ ခဲ့ပြီးနောက် ရှုံးပွဲအများဆုံးရာသီအဖြစ် ပြီးခဲ့သည့် ၂၀၁၉- ၂၀ ရာသီ ရှုံးပွဲ (၆)ပွဲအရေအတွက်ကိုလိုက်မီကာ (၁၃) နှစ်အတွင်း ရှုံးပွဲပူးတွဲအများဆုံးရာသီဖြစ်ခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လက်ကျန်လာလီဂါပွဲစဉ်တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပါက တစ်ရာသီအတွင်း ရှုံးပွဲ (၇)ပွဲရှိလာမည်ဖြစ်ပြီး (၁၃)နှစ်အတွင်း ရှုံးပွဲအများဆုံး လာလီဂါရာသီအဖြစ်ပါ မှတ်တမ်းဆိုးတစ်ခု ထပ်မံပိုင်ဆိုင်မည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် မေ (၂၃)ရက်နေ့တွင် အီဘာအသင်းနှင့် အဝေးကွင်းပွဲစဉ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular