spot_img

ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ(၅)ခုထဲတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားများအဖြစ် ဟော်လန်းနှင့် ရပ်ရှ်ဖို့ဒ်တို့ကို CIES သတ်မှတ်

ဘောလုံးအားကစားလေ့လာဆန်းစစ်ရေးအဖွဲ့တစ်ခု ဖြစ်သည့် CIES Football Observatory သည် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ(၅)ခုထဲမှ စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားများအားဖော်ပြခဲ့ရာ ဒေါ့မွန်အသင်း၏နော်ဝေ တိုက်စစ်မှူး ဟော်လန်းနှင့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့က ထိပ်ဆုံးတွင် ဦးဆောင်ခဲ့ကြောင်း သိရသည်။

CIES ၏ တွက်ချက်ဖော်ပြမှုအရ ဟော်လန်းနှင့် ရပ်ရှ်ဖို့ဒ်တို့သည် လက်ရှိတွင် စျေးကွက်တန်ဖိုး ယူရိုသန်း(၁၅၀)နှင့် သန်း(၂၀၀)အကြားတန်ကြေးရှိပြီး တန်ဖိုးအမြင့်ဆုံးကစားသမားများအဖြစ် ထိပ်ဆုံးတွင်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

myan789

ဟော်လန်းသည် ဒေါ့မွန်အသင်းမှ ကစားသမားအားလုံး တန်ဖိုး၏ (၅)ပုံ(၁)ပုံကျော်(၂၁.၅%)တန်ကြေးရှိနေပြီး၊ ရပ်ရှ်ဖို့ဒ်မှာလည်း မန်ယူအသင်းမှ ကစားသမားအားလုံးတန်ဖိုး၏ (၇)ပုံ(၁)ပုံကျော်(၁၄.၈%)တန်ကြေးရှိနေကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏နောက်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂျော်အိုဖေးလစ်၊ မန်စီးတီးအသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်၊ PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေ၊ အာဆင်နယ်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဆာကာတို့က လက်ရှိစျေးကွက်တန်ဖိုး ယူရိုသန်း(၁၂၀)နှင့် သန်း(၁၅၀)အကြား တန်ကြေးဖြင့် ရပ်တည်နေကြောင်း သိရသည်။

ယင်းကစားသမားများ၏နောက် စျေးကွက်တန်ဖိုး ယူရိုသန်း (၉၀)နှင့် သန်း (၁၂၀)ကြား တန်ကြေးရှိနိုင်သော ကစားသမားစာရင်းတွင် ကစားသမား (၇)ဦးပါဝင်နေပြီး ၎င်းတို့မှာ တီမိုဗာနာ (ချယ်လ်ဆီး)၊ အာနိုးလ် (လီဗာပူးလ်)၊ အယ်လ်ဖွန်ဆိုဒေးဗီးစ် (ဘိုင်ယန်မြူးနစ်)၊ ဖရန်ကီဒီယွန်း (ဘာစီလိုနာ)၊ လော်တာရိုမာတီနက်ဇ် (အင်တာမီလန်)၊ ဒီလစ် (ဂျူဗင်တပ်စ်)၊ ဟာရီကိန်း (စပါး)တို့ဖြစ်ကြသည်။

ဥရောပတစ်ဝန်းရှိကစားသမားများထဲတွင် ကလပ်အသင်းရှိကစားသမားအားလုံးတန်ဖိုးအနက် ရာခိုင်နှုန်းအများဆုံးတန်ကြေးရှိသည့် ကစားသမားအဖြစ် စပိန်ကလပ် အီဘာအသင်း၏ ကွင်းလယ်လူ အက်စ်ပိုဆီတို (၂၄ နှစ်)က ရပ်တည်နိုင်ခဲ့သည်။

အိတ်စ်ပိုဆီတိုသည် CIES ၏ စျေးကွက်တန်ဖိုးသတ်မှတ်ချက်အရ ယူရို (၁၅)သန်းနှင့် သန်း (၂၀)ကြားတန်ကြေးရှိနေပြီး အသင်းရှိကစားသမားအားလုံးတန်ဖိုး၏ (၃၉.၆%)အထိ တန်ကြေးရှိနေခြင်းဖြစ်သည်။

သူ၏နောက်တွင် စျေးကွက်တန်ဖိုး ယူရိုသန်း (၅၀)နှင့် သန်း (၇၀)ကြား တန်ကြေးသတ်မှတ်ခံရသော ဘန်လေကွင်းလယ်လူ ဒွိုက်မက်နေးလ်က ရပ်တည်နေပြီး အသင်းရှိ ကစားသမားအားလုံးတန်ဖိုး၏ (၃၅.၃%)တန်ကြေး ရှိနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular