ဆိုက်ပရပ်စ် – မော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက် ည ၁ဝး၃၀ နာရီ)
ဆိုက်ပရပ်စ်နဲ့ မော်လ်တာတို့က ခြေသိပ်မကွာတဲ့အသင်းတွေပါ။ လက်ရှိရလဒ်ပိုင်းလည်း သိပ်မကွာဘူး။ ဆိုက်ပရပ်စ်ကတော့ နည်းနည်းလေး ပိုမာကျောတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ သရေနဲ့ အနိုင်ပါပဲ။
မက်ဆီဒိုးနီးယား – ဂျာမနီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
ဂျာမနီအတွက် လက်စားချေရမယ့်ပွဲဖြစ်တယ်။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ မက်ဆီဒိုးနီးယားကို မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ပြီး ဒီပွဲနောက်ပိုင်းမှာ ဂျာမနီအသင်းကို အသွင်သစ်၊ ပုံစံသစ်နဲ့ မြင်တွေ့ခဲ့ရတယ်။ ကစားပုံပိုခိုင်မာပြီး ဂိုးတွေ ဆက်တိုက်သွင်း၊ Clean Sheet တွေ ဆက်တိုက်ယူခဲ့တာလည်း တွေ့ရတယ်။ လက်ရှိအနေအထားက အုပ်စုတွင်း အမှတ်ဖြတ်ဦးဆောင်နေပြီး အချိန်တန်ရင် အုပ်စုဗိုလ်နေရာကိုလည်း ရယူသွားနိုင်တဲ့အနေအထားဖြစ်တယ်။ ဒါပေမဲ့ ပထမအကျော့ရှုံးပွဲကြောင့် ဒီပွဲကိုလည်း အမှားမခံဘဲ အားထည့်ကစားလိမ့်မယ်။ မက်ဆီဒိုးနီးယားကလည်း အုပ်စုဒုတိယနေရာ မျှော်လင့်ချက်အတွက် ဂျာမနီဆီက တစ်မှတ်ဖြစ်ဖြစ်ရအောင် ကစားမှာပဲ။ ဒါပေမဲ့ ဟန်ဆီဖလစ်ခ်လက်ထက်မှာ သိသိသာသာခြေတက်လာတဲ့ ဂျာမနီပဲ နိုင်မှာပါ။
ဘီလာရုစ် – ချက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
ချက်က ဒီပွဲမတိုင်ခင်မှာ ဝေးလ်စ်အသင်းနဲ့ကစားထားပြီး ဘယ်လိုရလဒ်ပဲထွက်ထွက် ဒီပွဲက ခြေချော်လို့မဖြစ်တဲ့ပွဲ၊ သေ ချာပေါက် (၃)မှတ်ယူရမယ့်ပွဲဖြစ်တယ်။ ဘယ်လ်ဂျီယံကို လိုက်မီဖို့မလွယ်တော့ပေမဲ့ အုပ်စုဒုတိယနေရာ မျှော်လင့်ချက်အတွက် ဒီပွဲကို သေချာပေါက် အနိုင်ကစားလိမ့်မယ်။
နယ်သာလန် – ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
နယ်သာလန်အသင်းနဲ့ ဥရောပရဲ့ အသင်းသစ်ဖြစ်လာတာမကြာသေးတဲ့ ဂျီဘရော်လ်တာတို့ကြားက ဘောလုံးအဆင့်အတန်း၊ လူအင်အားက အပြတ်အသတ်ကွာတယ်။ ကစားရမှာ နယ်သာလန်ကွင်းဖြစ်သလို၊ အမှားလည်းခံလို့မရလို့ နယ်သာလန် အာရုံစိုက်ကစားမယ်။ ဂိုးပြတ်သွင်းမယ်။
နော်ဝေ – မွန်တီနီဂရိုး (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
အကြိတ်အနယ်ရှိပြီး အာရုံစိုက်ကစားရမယ့်ပွဲမျိုးဖြစ်တယ်။ နော်ဝေက တူရကီနဲ့ ကစားထားတဲ့ပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် ဒီပွဲက မှားလို့မရတဲ့ပွဲမျိုးလည်းဖြစ်တယ်။ လက်ရှိ နော်ဝေရဲ့တိုက်စစ်ကစားပုံနဲ့ အိမ်ကွင်းလည်းဖြစ်နေလို့ နော်ဝေကိုပဲ
ရိုမေးနီးယား – အာမေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
အာမေးနီးယားက ဥရောပအသင်းငယ်လေးတစ်သင်းအဖြစ်ကနေ တဖြည်းဖြည်းအားကောင်းလာတယ်။ ဒီအုပ်စုမှာလည်း ဂျာမနီကို မယှဉ်နိုင်ပေမဲ့ ကျန်ပွဲစဉ်တွေမှာတော့ ရလဒ်ကောင်းတွေ ရှာဖွေနိုင်တာတွေ့ရတယ်။ အာမေးနီးယား သရေလောက်တော့ ကစားနိုင်မယ်ထင်တယ်။
ခရိုအေးရှား – ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
ခရိုအေးရှားက ပွဲကျပ်တစ်ပွဲကို ကစားရလိမ့်မယ်။ ဆလိုဗက်ကီးယားက မာကျောတဲ့အသင်းဖြစ်ပြီး ခရိုအေးရှားကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်း၊ လူအင်အားလည်းရှိတယ်။ ဒါပေမဲ့ ခရိုအေးရှားက ပိုတည်ငြိမ်ပြီး မာကျောတယ်။ အိမ်ကွင်းလည်းဖြစ်နေတဲ့အတွက်
ဆလိုဗေးနီးယား – ရုရှား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
ခရိုအေးရှား-ဆလိုဗက်ကီးယားပွဲလိုပဲ ဒီပွဲကလည်း အုပ်စုနောက်တစ်ဆင့်တက်ရေးအတွက် အရေးပါတဲ့ပွဲဖြစ်တယ်။ ဆလိုဗေးနီးယားက တိုက်စစ်အားနည်းပေမဲ့ ခံစစ်မဆိုးဘူး။ ရုရှားကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်လိမ့်မယ်လို့ထင်တယ်။ သရေကျသွားနိုင်တယ်။
အက်စ်တိုးနီးယား – ဝေးလ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
အက်စ်တိုးနီးယားက အရင်ကလောက် မမာကျောတော့ ဘူး။ အုပ်စုတွင်းမှာလည်း အားအနည်းဆုံးအသင်းဖြစ်နေတယ်။ အိမ်ကွင်းမှာ ဘယ်လ်ဂျီယံ၊ ချက်တို့ကို ဂိုးပြတ်တွေရှုံးခဲ့တဲ့အသင်းလည်းဖြစ်တယ်။ ဝေးလ်စ်ကတော့ မဖြစ်မနေနိုင်ပွဲရှာရမယ့် အနေအထားဖြစ်နေတယ်။ ဝေးလ်စ် ကပ်နိုင်လိမ့်မယ်။
လတ်ဗီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
တူရကီက နော်ဝေနဲ့ပွဲကျပ်အပြီး ဒီပွဲကို ဆက်ကစားရတာဖြစ်တယ်။ နယ်သာလန် (၃)မှတ်ပြည့်ရမယ့်ပွဲစဉ်မှာ နော်ဝေ ပွဲကျပ်နေတာကို တူရကီအခွင့်အရေးယူဖို့ ကြိုးစားရလိမ့်မယ်။ အိမ်ကွင်းမှာတုန်းက (၃-၃)ဂိုးစီသရေကျခဲ့လို့ တူရကီ နစ်နာခဲ့ပေမဲ့ ဒီပွဲတော့ အနိုင်ကစားလိမ့်မယ်ထင်တယ်။
အိုက်စလန် – လက်ချင်စတိန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
အိုက်စလန်က လွန်ခဲ့တဲ့ (၅)နှစ်ကလိုအသင်းမျိုး မဟုတ်တော့ဘူး။ နည်းနည်းအားလျော့လာတယ်။ ဒီအုပ်စုမှာလည်း လက်ချင်စတိန်းနဲ့ အပြိုင်ညံ့နေတယ်။ ဒါပေမဲ့ ဒီပွဲကတော့ အိမ်ကွင်းလည်းဖြစ်နေလို့ အိုက်စလန် နိုင်ပွဲရပါလိမ့်မယ်။