spot_img

ဥရောပစူပါလိဂ်အား မထောက်ခံသည့်အမြင်ကို ပြောင်းလဲမည်မဟုတ်သော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု ယာဂန်ကလော့ပ် တုံ့ပြန်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က မိမိအနေဖြင့် ဥရောပစူပါလိဂ် အား မထောက်ခံသည့်အမြင်ကို ပြောင်းလဲမည်မဟုတ်သော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဥရောပစူပါလိဂ်ကျင်းပရန် ဦးဆောင်ကြိုးပမ်းနေသည့် ထိပ်သီး ၁၂ သင်းအနက် တစ်သင်းအပါအဝင် ဖြစ်သောကြောင့် ဝေဖန်ပြစ်တင်မှုများခံနေရသလို ပရိသတ်များ၏ ဆန့်ကျင်ဆန္ဒပြမှုကိုပါ ရင်ဆိုင်နေရသည်။

myan789

သို့ဖြစ်ရာ တနင်္လာနေ့က လိဒ်စ်အသင်းနှင့် သရေကျသည့်ပွဲအပြီးတွင် Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် ယာဂန်ကလော့ပ်က “ကျွန်တော့်အမြင်ကတော့ မပြောင်းပါဘူး။ ကျွန်တော်လည်း ဒီအကြောင်းကို မနေ့ကမှ ပထမဆုံးအကြိမ် ကြားတာပါ။ လိဒ်စ်ယူနိုက်တက်လို အရမ်းခက်ခဲတဲ့ပွဲအတွက် ပြင်ဆင်နေချိန်မှာ သတင်းတချို့ရခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်သိရတာလည်း အများကြီးမဟုတ်ပါဘူး။ အများစုက ခင်ဗျားတို့ ဖတ်ထားတဲ့ဟာတွေပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ လူတွေက သဘောမကျဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ရိုးသားစွာပြောရရင် ကျွန်တော်လည်း အများကြီးပြောလို့မရပါဘူး။ ဘယ်လုပ်ငန်းစဉ်မှာမှ ကျွန်တော်တို့မပါခဲ့ပါဘူး။ ကျွန်တော် အပါအဝင် ကစားသမားတွေလည်း အဲဒီကိစ္စအကြောင်း ဘာမှမသိထားပါဘူး။ ဘာတွေဘယ်လိုတိုးတက်မှုရှိလာမလဲဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။ ကျွန်တော်ကတော့ တစ်နည်းနည်းနဲ့ အကူအညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် လီဗာပူးလ်နည်းပြအဖြစ် ဆက်ရှိမရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်းက “စူပါလိဂ်မှာ နည်းပြအဖြစ် ဆက်လုပ်မလားဆိုတာ မစဉ်းစားရသေးပါဘူး။ ကျွန်တော့်အလုပ်က ဘောလုံးအသင်းကို နည်းပြဖို့ပါ။ ပြဿနာတွေရောက်လာချိန်မှာ ကျွန်တော်ထွက်ပြေးမှာ မဟုတ်ပါဘူး။ အဲဒီလို ဘယ်တော့မှမလုပ်ပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမဲ့ ထွက်ပြေးတယ်ဆိုတာ ကျွန်တော့်နည်းလမ်း မဟုတ်ပါဘူး။ ဘယ်တုန်းကမှ မလုပ်ဖူးသလို နောင်လည်းဖြစ်လာမှာ မဟုတ်ပါဘူး။ ကလပ်အတွက်၊ အသင်းအတွက် တာဝန်ရှိတယ်လို့ ကျွန်တော်ခံယူထားပါတယ်။ ထွက်သွားသင့်ပြီဆိုရင်တော့ ကျွန်တော်ထွက်သွားမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် လိဒ်စ်အသင်းကို အနိုင်မရဘဲ သရေကျခဲ့သောကြောင့် ဝက်စ်ဟမ်းအသင်း၏ အဆင့် ၄ နေရာကို လွှဲပြောင်းယူနိုင်မည့်အခွင့်အရေး လွဲချော်ခဲ့ရပြီး ယာဂန်ကလော့ပ်မှာလည်း ထုတ်ပယ်ခံရနိုင်သည့်စာရင်းတွင် ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular