spot_img

ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိပြီဖြစ်၍ ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့ Loyalty Bonus ယူရို (၁)ဘီလီယံဝန်းကျင် ရရှိမည်ဟု Sport ဖော်ပြ

လာလီဂါထိပ်သီးနှစ်သင်းဖြစ်သော ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာအသင်းတို့သည် ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိပြီဖြစ်သောကြောင့် Loyalty Bonus (သစ္စာရှိကြေး) အဖြစ် ယူရို (၁)ဘီလီယံဝန်းကျင် ရရှိမည်ဖြစ်ကြောင်း ဘာစီ လိုနာအခြေစိုက် Sport သတင်းစာက ဖော်ပြခဲ့သည်။

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့သည် ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန် ဦးဆောင်လှုပ်ရှားခဲ့သည့်အသင်းများဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်အဆိုပြုခဲ့စဉ်က ၎င်းတို့နှင့်အတူ အခြားဥရောပထိပ်သီးကလပ်အသင်း(၁၀)သင်းလည်း ပါဝင်ခဲ့သည်။

myan789

သို့သော် ပရိသတ်များ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် အဆိုပါ (၁၀)သင်း နုတ်ထွက်သွားခဲ့ပြီး ရီးယဲလ်နှင့် ဘာစီလိုနာတို့သာ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဥရောပစူပါလိဂ်ပြိုင်ပွဲအား ပုံဖော်ရန် တည်ထောင်ထားသည့် A22 ကုမ္ပဏီနှင့် သဘောတူညီထားမှုအရ ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့အနေဖြင့် သစ္စာရှိကြေး ရရှိမည်ဖြစ်ကြောင်း Sport က ဖော်ပြခဲ့သည်။

ထို့ပြင် နုတ်ထွက်ခဲ့သော ကလပ်အသင်း(၁၀)သင်းမှာ ဒဏ်ငွေ ယူရို သန်း(၃၀၀)စီ ချမှတ်ခံရဖွယ်ရှိကြောင်းလည်း သိရသည်။

A22 သည် ပရိသတ်အခိုင်အမာရှိထားသည့် ထိပ်သီးအသင်းများသာပါဝင်သော ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပရန် ၂၀၂၁ ခုနှစ်တွင် စတင်စီစဉ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) တို့၏ ကန့်ကွက်မှုကြောင့် ဥရောပတရားရုံးတွင် အဆုံးအဖြတ် ခံယူရသည့်အခြေအနေအထိ ရောက်ရှိခဲ့ပြီး ယခုအခါ ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် A22 က ဥရောပစူပါလိဂ်ပြိုင်ပွဲကို အမျိုးသားအသင်း(၆၄)သင်း၊ အမျိုးသမီးအသင်း(၃၂)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသားပြိုင်ပွဲတွင် Star ၊ Gold နှင့် Blue ဟူ၍ အတန်း(၃)တန်းခွဲခြားကာ တန်းတက်တန်းဆင်းစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော် မန်ယူ၊ မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့အပါအဝင် ဥရောပထိပ်သီးအသင်းများက ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ငြင်းပယ်ခဲ့ကြသလို၊ ပရီးမီးယားလိဂ်အပါအဝင် လိဂ်ပြိုင်ပွဲအချို့ကလည်း ကန့်ကွက်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular