ဗီလာရီးယဲလ်အသင်းသည် မန်ယူအသင်းနှင့်လမ်းခွဲခဲ့သည့် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ (၃၅ နှစ်)အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ကာဗာနီသည် ပြီးခဲ့သည့် ဇွန်လအတွင်း မန်ယူအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်အသင်းတစ်သင်းတွင် ဆက်လက်ကစားရန် ဆန္ဒရှိနေသူဖြစ်သည်။
ပါလာမို၊ နာပိုလီ၊ PSG အသင်းများတွင်ကစားခဲ့ဖူးသည့် ကာဗာနီအား ဗီလာရီးယဲလ်အသင်းက တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။