spot_img

အဲရစ်ဆင်၊ ဇနီးဖြစ်သူနှင့် ဆေးအဖွဲ့ဝင်ခြောက်ဦးကို ယူရိုပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုရန် UEFA ဥက္ကဋ္ဌ ဖိတ်ကြား

ယူရိုပြိုင်ပွဲ အုပ်စုအဆင့်တွင် နှလုံးရောဂါကြောင့် ကွင်းတွင်းလဲကျကာ ဆေးကုသမှုခံယူခဲ့ရသည့် ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်နှင့် သူ၏ဇနီးဖြစ်သူ၊ သူ့အား အသက်ရှင်ခွင့်ရရန် ကွင်းအတွင်းတွင် ကနဦးကုသမှုပေးခဲ့သည့် ဆေးအဖွဲ့ဝင်ခြောက်ဦးကို ဇူလိုင်လ ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

UEFAက ယင်းဖိတ်ကြားမှုနှင့်ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်မှုမရှိသော်လည်း ဒိန်းမတ်အသင်း၏ဆေးဘက်အကူ ပယ်ဒါအားစ်ဂေါ့က သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် ယင်းဖိတ်ကြားမှုကို လက်ခံရရှိကြောင်း နော်ဝေအွန်လိုင်းသတင်းစာတစ်စောင်ဖြစ်သည့် Fagbladet သို့ ပြောကြားခဲ့သည်။

myan789

UEFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဲရစ်ဆင်နှင့် သူ၏ချစ်သူဖြစ်သည့် ဆာဘရီနာတို့ကို UEFA ဥက္ကဋ္ဌမှ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု AFP သို့ အတည်ပြုခဲ့သည်။

သို့သော် ၎င်းက အဲရစ်ဆင်သည် ယူရိုပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ခြင်းရှိ၊ မရှိကို မသိရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

အဲရစ်ဆင်သည် ဇွန်လ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖင်လန်နှင့်ပွဲပထမပိုင်းတွင် ကွင်းအတွင်းလဲကျခဲ့ပြီးနောက် ဆေးရုံ၌ ခြောက်ရက်ကြာ ကုသမှုခံယူခဲ့ရသည်။

ဇွန်လ ၁၈ ရက်တွင် ဆေးရုံမှ ပြန်ဆင်းခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular