မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘရန့်ဖို့ဒ်ကို ၂-၂ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဂိုးသမား အော်တီဂါနဲ့အချင်းများခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စီးတီးဟာ ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ်ဦးဆောင်ပြီး အောက်တိုဘာလနောက်ပိုင်း တတိယအကြိမ်နိုင်ပွဲရဖို့ ၁၂ မိနစ်သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်ဘက်က ချေပဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့ပြီး အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ ဖိုဒန်က စီးတီးအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဝီဆာ နဲ့ နော်ဂတ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာ နဲ့ အော်တီဂါတို့ကြား အချင်းများခဲ့တာဖြစ်ပြီး နော်ဂတ်ရဲ့ဂိုးကို အော်တီဂါအနေနဲ့ တားဆီးနိုင်ခဲ့သင့်တယ်လို့ ထင်မြင်နေပါတယ်။ စပိန်သားနည်းပြက အဆိုပါဖြစ်ရပ်ကို စိတ်ပျက်နေပြီး အော်တီဂါအနေနဲ့ ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့သင့်တယ်လို့ ထင်မြင်နေပါတယ်။
ဒါ့အပြင် အဆိုပါပွဲအပြီးမှာ ဂါဗာဒီအို နဲ့ ဆာဗင်ဟိုတို့ကြားမှာလည်း အချင်းများခဲ့သေးတာဖြစ်ပါတယ်။ သတင်းထောက်တွေကိူ အသက် ၅၃ နှစ်သားကပြောကြားရာမှာ “ကျွန်တော် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အဖြစ်အပျက်တစ်ခုကိုပဲပြောနေတာပါ။ အော်တီဂါနဲ့အတူတူပါပဲ။ ဒီနေ့မှာ သူဘယ်လောက်ကောင်းလဲဆိုတာကို မြင်ခဲ့ရပါတယ်။ ဟာလန်းဆီကိုလည်း ပေးပို့မှုတွေလုပ်နိုင်ခဲ့ပါတယ်။ သူတို့ ၂ ဦးစလုံးရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
စီးတီးကစားသမားတွေ ခြေတံရှည်တာအပြင် ဖိုဒန်ကို လူစားလဲခဲ့တာနဲ့ပတ်သက်ပြီး “မှန်ပါတယ်။ အဲ့အချက်ကြောင့် ဖိုဒန်ကိုထည့်ခဲ့တာပါ”လို့ စပိန်သားက စီးတီးဟာ ၂၁ ပွဲကစားပြီးချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်တနင်္ဂနွေနေ့မှာ အစ်ဝှစ်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။