spot_img

အေစီမီလန်အတွက် (၃)ရာသီဆက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့သည့် ပြင်သစ်ဂိုးသမား မီနွန်စံချိန်မှတ်တမ်းကောင်းများပိုင်ဆိုင်

အေစီမီလန်အသင်း၏ ပြင်သစ်လက်ရွေးစင်ဂိုးသမား မီနွန်သည် ဒီဇင်ဘာ (၃)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့်  စီရီးအေပွဲစဉ် (၁၄) အေစီမီလန် (၃-၁) ဖရိုဆီနိုနီပွဲစဉ်တွင် အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သွင်းယူသည့် ဒုတိယဂိုးအား ဖန်တီးမှုပြုလုပ်ပေးခဲ့ပြီးနောက် စံချိန်မှတ်တမ်းကောင်းများ စွာပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။

အသက် (၂၈)နှစ်အရွယ်ရှိ မီနွန်သည် ၂၀၂၁ နွေရာသီက လိုင်လီအသင်းမှ အေစီမီလန်အသင်းသို့ ယူရို (၁၅)သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်အပါဝင် အေစီမီလန်ကစားသမား ဘ၀ (၃)ရာသီဆက်တိုက် စီးရီးအေပြိုင်ပွဲတွင် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

myan789

ထို့ကြောင့် မီနွန်သည် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် (၃)ရာသီဆက် ဂိုးဖန်တီးမှုပြုလုပ်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ၂၀၀၄-၀၅ ရာသီနောက်ပိုင်း စီးရီးအေပြိုင်ပွဲ၏ ဂိုးဖန်တီးမှုအများပြုလုပ်သည့် ဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

မီနွန်သည် အေစီမီလန်အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၄)ပွဲကစားပေးထားပြီး အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆုတစ်ကြိမ်နှင့် စီးရီးအေတစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု (၂၀၂၁-၂၂) တို့ကိုရယူနိုင်ခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular