spot_img

အူဘာမီယန်းကို သင့်တော်သည့်ပြောင်းရွှေ့ကြေးရရှိပါက အာဆင်နယ် ရောင်းချမည်

အာဆင်နယ်အသင်းသည် ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောင်းထုတ်ရန် စီစဉ်နေပြီး ကမ်းလှမ်းမှုများကို စောင့်မျှော်နေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အသင်းကို ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ဘဏ္ဍာရေးကန့်သတ်ချက်ကြောင့် အသင်းမှ ကစားသမားများကို ရောင်းထုတ်ပြီးမှသာ ကစားသမားသစ် ထပ်မံခေါ်ယူနိုင်မည့် အခြေအနေဖြစ်နေသည်။

myan789

ထို့ ကြောင့် ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေရာတွင် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အူဘာမီယန်း(၃၂ နှစ်)သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အာဆင်နယ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး တစ်ပတ်ပေါင်(၃၅၀၀၀၀) ရရှိနေသည်။

သို့သော် စာချုပ်သက်တမ်းတိုးပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းလာသည့်အတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ရောင်းထုတ်ရန် လိုလားနေခြင်းဖြစ်ပြီး တိုက်စစ်ပိုင်းအပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့် ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ငွေကြေးသုံးစွဲနိုင်စွမ်းမရှိသည့် အခြေအနေ ဖြစ်နေသောကြောင့် အသင်းမှ ကစားသမားများနှင့် အလဲအထပ်လုပ်ကမ်းလှမ်းရန်သာ ဆန္ဒရှိနေပြီး အာဆင်နယ်အသင်းကမူ ငွေသားဖြင့် ကမ်းလှမ်းမှုကို ပိုမိုလိုလားနေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ရာသီအဖွင့် နှစ်ပွဲဆက်ရှုံးနိမ့်မှုကြောင့် ဖိအားအောက်ရောက်ရှိနေသည့် အာတီတာသည် အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်သွားရန် ပြင်ဆင်နေပြီး အူဘာမီယန်းအပါအဝင် ဘယ်လာရင်၊ တော်ရဲရား၊ အန်ကယ်တီယာ၊ မိန့်လန်းနိုင်းစ်တို့ကိုလည်း ရောင်းထုတ်ရန် ရည်ရွယ်ထားကြောင်း ဗြိတိန်မီဒီယာအချိ့က ဖော်ပြလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular