ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုသည် အူဒီးနီးစ်အသင်းကို ရှုံးနိမ့်ခဲ့ပါက ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း အီတလီသတင်းစာ La Stampa က ဖော်ပြခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေနောက်ဆုံး (၃)ပွဲတွင် (၄)မှတ်သာရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှု အဆင့်(၄)နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၃၃)အပြီးတွင် (၆၆)မှတ်ရရှိထားပြီး အဆင့် (၃)နေရာမှ နာပိုလီ၊ အဆင့်(၅)နေရာမှ အေစီမီလန်အသင်းတို့နှင့် ရမှတ်တူညီနေသည်။
ထို့ကြောင့် လက်ကျန်ပွဲစဉ်များတွင် ခြေချော်ပါက လာမည်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်နိုင်သည့်အခြေအနေနှင့် ကြုံတွေ့နေရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် အသင်း၏အခြေအနေကို စိုးရိမ်နေကြကြောင်း သိရသည်။
La Stampa ၏ ဖော်ပြမှုအရ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် လာမည့်မေလ (၂) ရက်တွင်ကစားမည့် အူဒီးနီးစ်အသင်းနှင့် စီးရီးအေအဝေးကွင်းပွဲစဉ်မှ အသင်း၏ရလဒ်ကို စောင့်ကြည့်မည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပါက နည်းပြ ပီယာလိုကို ရာထူးမှ ချက်ချင်းထုတ်ပယ်ရန် စီစဉ်နေကြကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် ပီယာလိုအား ရာထူးမှထုတ်ပယ်ပြီးပါက ၎င်း၏လက်ထောက်နည်းပြဖြစ်သူ အီဂေါတူဒေါကို ခန့်အပ်သွားဖွယ်ရှိနေကြောင်း La Stampa က ဖော်ပြခဲ့သည်။