spot_img

အီတလီ ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စပိန် အသင်း ပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့ အမှား နှစ်ရပ် ကို ထောက်ပြလိုက်တဲ့ အီယန်ရိုက်

ဂန်းနား တိုက်စစ်မှူးဟောင်း အီယန်ရိုက် က အီတလီ နဲ့ ပွဲမှာ စပိန် အသင်း နည်းပြ အန်းနရစ် ပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့ အမှား နှစ်ခုကြောင့် ဖိုင်နယ် နဲ့ လွဲချော် ခဲ့ရခြင်း ဖြစ်ကြောင်း ဝေဖန် ထောက်​ပြ ပြောကြား လိုက်ပါတယ် ။

ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် ပထမပွဲမှာ အီတလီ နဲ့ စပိန် အသင်းဟာ သာမန် ပွဲချိန် မိနစ် ၉၀ မှာကော ၊ အချိန်ပို မိနစ် ၃၀ မှာပါ ၁-၁ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပါတယ် ။ ပင်နယ်တီမှာ အီတလီ ဘက်က လိုကာတယ်လီ တစ်ဦးပဲ ဂိုးမဝင်ခဲ့ဘဲ စပိန်ဘက်က အိုလ်မို ၊ မိုရာတာ တို့ မဝင်ခဲ့တာကြောင့် အီတလီ အသင်း ၄-၂ နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။

myan789

အီတလီ နဲ့ ပွဲမှာ စပိန် အသင်း နည်းပြ အန်းနရစ် ဟာ မိုရာတာ ကို ပွဲထွက် အသုံးပြု ခဲ့ခြင်း မရှိဘဲ ဒုတိယပိုင်းမှာသာ လူစားလဲ အသုံးပြု ခဲ့တာပါ ။ မိုရာတာဟာ စပိန် အတွက် အဖိုးတန် ချေပဂိုး ကို သွင်းယူ ပေးခဲ့ပေမယ့် ပင်နယ်တီ မှာ ဗီလိန် ပြန်ဖြစ်သွားခဲ့ရပါတယ် ။

အီယန်ရိုက် က အီတလီ အသင်း နဲ့ ပွဲမှာ စပိန် အသင်းဟာ မိုရာတာ ကို ပွဲစကတည်းက အသုံးမပြုတာ ၊ ပင်နယ်တီ ကန်ခိုင်းတာဟာ ကြီးမားတဲ့ အမှား နှစ်ရပ် ဖြစ်တယ်လို့ ဝေဖန် သွားခဲ့ပါတယ် ။

” စပိန် အသင်း ကစားတာ ကြည့်ရတာ တကယ် ကြည့်လို့ ကောင်းပါတယ် ၊ ပီဒရီ လို ကစားသမားမျိုးကို ကြည့်ရတာ သိပ်ကောင်းပါတယ် ၊ အိုလ်မို ကလည်း ထိပ်တန်း အဆင့် ခြေစွမ်းပြ နိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် ပြိုင်ဘက် ဂိုးဧရိယာထဲကို ကြည့်လိုက်ရင်တော့ ဘယ်သူမှ ရှိမနေပါဘူး ။ “

” အီတလီ ကွင်းလယ်ကို ကျော်ဖြတ်လာချိန် ပြိုင်ဘ​က် ဂိုးဧရိယာထဲမှာ ဘောလုံး လက်ခံမယ့်သူ မရှိ ဖြစ်နေခဲ့ပါတယ် ။ ချီလီနီ ၊ ဘိုနှုချီ တို့ကို ဖိအား ပေးမယ့်သူ မရှိ ဖြစ်နေခဲ့တာပါ ၊ သူတို့ အေးဆေး သက်သာ ကစား ခဲ့ရပါတယ် ။ “

” ဒါပေမယ့် မိုရာတာ ဝင်လာချိန်မှာတော့ အီတလီ ခံစစ်ကို အခက်တွေ့စေတော့ပါပဲ ၊ မိုရာတာ က ချီလီနီ ဆီ ပြေးကစားပါတယ် ၊ မိုရာတာ က အဓိက အချက်ချာ ဖြစ်ခဲ့ပါတယ် ၊ သူ့ကို ပွဲထွက် အသုံးမပြုတာက ကြီးမားတဲ့ လွဲချော်မှု ပါပဲ ။ “

မိုရာတာ ဟာ အီတလီ နဲ့ ပွဲမှာ လူစားဝင်ပြီး ခြေစွမ်းပြ နိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာတော့ လမ်းလျှောက် လာကတည်းက ယုံကြည်မှု ပျောက်ဆုံးနေပုံ ပေါက်ခဲ့ကြောင်း အီယန်ရိုက်က ပြောကြား သွားခဲ့ပါတယ် ။

” ပင်နယ်တီ ကန်မယ့် နေရာကို လမ်းလျှောက်လာချိန်မှာ မိုရာတာ ပုံစံက စိတ်ဖိစီး နေပုံပါပဲ ၊ သူ သွားတဲ့ပုံကို ကြည့်ကတည်းက ကျနော့် စိတ်ထဲမှာ ဂိုးသမား တည့်တည့် ရောက်သွားနိုင်တယ်ပဲ တွေးမိ နေခဲ့ပါတယ် ။ “

” အီတလီ ဂိုးသမား ရဲ့ အရွယ်အစားကို ကြည့်ကြည့်ပါ ၊ ကိုယ်က ဂိုးအပေါ် ထောင့်ကို မကန်သွင်းနိုင်ရင် သူ့ကို ဂိုးသွင်းဖို့ဆိုရင် သူ ဖမ်းတဲ့ နေရာနဲ့ ဆန့်ကျင့်ဘက်ကို ကန်သွင်းနိုင်မှပဲ ဂိုးဝင် နိုင်မှာပါ ။ ပင်နယ်တီ ကန်ချိန်မှာ ကျနော် မိုရာတာကို မကန်စေချင်ခဲ့ပါဘူး ၊ ဒီလို ပြိုင်ပွဲရဲ့ အရေးကြီးတဲ့ အဆင့်မှာ ပင်နယ်တီ ကန်နိုင်တဲ့ စိတ်အခြေအနေ သူ့မှာ မရှိပါဘူး ၊ သူ မကန်ခဲ့သင့်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular