spot_img

အီတလီစီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ – လာဇီယို (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
ဆာရီရဲ့ တိုက်စစ်ဦးစားပေးဗျူဟာက ဟန်ချက်မညီမှု တွေရှိနေပေမဲ့ လာဇီယိုကို မနှစ်ကထက်ပိုပြီး ဆွဲဆောင်မှုရှိ အောင် ဖန်တီးထားနိုင်တယ်။ ဖိလစ်ပီအန်ဒါဆန်နဲ့ ပတ်ဒရိုရဲ့ တောင်ပံတိုက်စစ်၊ အယ်လ်ဘာတိုရဲ့ ဘောလုံးလမ်းကြောင်းတွေ၊ အဝေးကန်ချက်တွေဟာ လာဇီယိုရဲ့ အဓိကအားပဲ။ ဘိုလော့ဂ် နာက မထင်မှတ်တာတွေလုပ်ပြနိုင်ပေမဲ့ လတ်တလော ယိမ်း ယိုင်နေတယ်။ ဒီပွဲမှာလည်း လာဇီယိုကို အရှုံးပေးရပါလိမ့်မယ်။

ဗီရိုနာ – စပီဇီယာ (တနင်္ဂနွေည ရး၃၀ နာရီ)
နည်းပြအပြောင်းအလဲဖြစ်ပြီးနောက် ဗီရိုနာရဲ့ ကစားပုံ တိုးတက်လာတယ်။ ဒါပေမဲ့ တိုက်စစ်နဲ့ ခံစစ် ဟန်ချက်မညီမျှ သေးဘူး။ စပီဇီယာက ဂျူဗင်တပ်စ်၊ အေစီမီလန်တို့နဲ့ပွဲတွေမှာ ယှဉ်ကစားနိုင်ပေမဲ့ ဗီရိုနာ အမှတ်ပြည့်ရပါမယ်။

myan789

ဆမ်ဒိုးရီးယား – အူဒီးနီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဆမ်ဒိုးရီးယားကလည်း နိုင်ပွဲတွေရသင့်သလောက် မရ သေးတဲ့အသင်းပါ။ နာပိုလီ၊ ဂျူဗင်တပ်စ်တို့နဲ့ ပွဲကျပ်ရင်ဆိုင်ရ လို့ (၂)ပွဲဆက်ရှုံးနိမ့်ထားပေမဲ့ ဒီလိုပွဲမျိုးမှာ နိုင်ပွဲပြန်ရှာချင်နေပါ လိမ့်မယ်။ ဆမ်ဒိုးရီးယား (၂-၁)ဂိုးလောက်နဲ့ အနိုင်ရမှာပါ။

ဖီအိုရင်တီးနား – နာပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
အင်တာမီလန်က လက်ရှိရာသီ စီးရီးအေမှာ သွင်းဂိုးအ များဆုံးအဖြစ် ရပ်တည်နေပေမဲ့ တိုက်စစ်ကစားဟန်နဲ့ ဆွဲ ဆောင်မှုရှိတဲ့အပိုင်းမှာ နာပိုလီကို မမီဘူး။ နာပိုလီ တိုက်စစ် ကစားပုံက ပြိုင်ဘက်အသင်းတွေကို ဖရိုဖရဲဖြစ်စေပြီး ကူလီ ဘလီ ဦးဆောင်တဲ့ ခံစစ်ကလည်း စိတ်ချရပါတယ်။ ဖီအိုရင်တီး နားက နာပိုလီကို အခက်တွေ့စေနိုင်တဲ့ စုဖွဲ့မှုပိုင်ဆိုင်ထားပေ မဲ့ တစ်မှတ်ထက် ပိုမရနိုင်ဘူး။ နာပိုလီ ကပ်နိုင်ပါလိမ့်မယ်။

ရိုးမား – အမ်ပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
(၂)ပွဲဆက်နိုင်ပွဲရပြီး အမ်ပိုလီ ဦးပြန်မော့လာပါတယ်။ ခံစစ်က စိတ်မချရသေးပေမဲ့ တိုက်စစ်က ဂိုးတွေသွင်းလာနိုင် တာ ယုံကြည်မှုပိုစေပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားက ဥရောပ ပြိုင်ပွဲတွေရှိနေရင် စီးရီးအေဘက်မှာ ရလဒ်ယိမ်းယိုင်တတ်တာ တွေ့ရတယ်။ စုဖွဲ့မှုနဲ့ နည်းဗျူဟာအရ အမ်ပိုလီကို ရိုးမားအသာ စီးရထားပေမဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ မမြင်ရသေးတာ သတိထားရမယ်။ ရိုးမား (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။

အတ္တလန်တာ – အေစီမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
ခပ်လွယ်လွယ်ပြောရရင် ဒီနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက်ပဲ အသည်းအသန်ချီတက်ရမယ့်ပုံစံမျိုး ပဲ။ ဒါပေမဲ့ လက်ရှိရာသီအစမှာ အေစီမီလန်က ချန်ပီယံဆုမျှော်လင့်နိုင်တဲ့အထိ ထက်မြက်နေတယ်။ အတ္တလန်တာက မတည် ငြိမ်မှုတွေကြား လူးလွန့်နေရပေမဲ့ ပုံစံကောင်းနဲ့ တဖြည်းဖြည်းနီးစပ်လာတယ်။ မြန်နှုန်းမြင့်ကစားဟန်၊ တစ်ဦးချင်းထူးချွန်မှုတွေ ပေါင်းစပ်ပြီးကစားဟန်ကို ပီပီပြင်ပြင်သရုပ်ဖော်လာနိုင်တယ်။ ဒါပေမဲ့ အဆုံးသတ်စွမ်းဆောင်ရည် လိုအပ်ချက်ရှိနေသေးလို့ လက်ရှိရာသီ စီးရီးအေမှာ ပေးဂိုးအနည်းဆုံး အေစီမီလန်ခံစစ်ကို ဂိုးသွင်းနိုင်မလားဆိုတာ စဉ်းစားရမယ်။ ပြီးတော့ အေစီမီလန် ကွင်းလယ်စုဖွဲ့မှုက လူငယ်တွေနဲ့ နုပျိုထက်မြက်နေပြီး အတ္တလန်တာကို ဒုက္ခပေးနိုင်တဲ့အစွမ်းရှိနေပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ပြီး အတ္တလန်တာ အမှတ်ရပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular