ဘရက်စီယာ – ပါးမား (စနေည ၉း၄၅ နာရီ)
ဒီပွဲမတိုင်မီ ဘရက်စီယာ မျှော်လင့်ချက်ကင်းမဲ့နေမယ် ဆိုရင် ပါးမားကို အားကြိုးမာန်တက်ကစားမယ်မထင်ပါဘူး။ ဘ ရက်စီယာရဲ့ အားနည်းချက်က စိတ်ပိုင်းဆိုင်ရာခံယူချက်ဖြစ်ပါ တယ်။ ပါးမားက အမှတ်မလိုတော့တဲ့နောက်ပိုင်း ဖြစ်သလိုက စားနေပေမယ့် ဒီပွဲမှာ နိုင်ပွဲပြန်ယူမယ်။
ဂျီနိုအာ – အင်တာမီလန် (စနေည ၁၂းဝ၀ နာရီ)
အရင်တုန်းက ဂျီနိုအာက အင်တာမီလန်ကို ဒုက္ခပေးနေ ကျဆိုပေမယ့် နောက်ဆုံး (၂)ရာသီမှာ အင်တာမီလန်အတွက် အလွယ်တကူအနိုင်ရတဲ့ပြိုင်ဘက်ဖြစ်လာပါပြီ။ အင်တာမီလန် က အမှတ်လုံးဝမလိုအပ်ဘဲ ဂုဏ်သိက္ခာအတွက်သာ ကစားနေ တာပါ။ ဒီအချိန်မှာ ဂျီနိုအာက တန်းမဆင်းရရေးအတွက် အမှတ်လိုအပ်နေသေးပြီး ရုန်းကန်ကစားနေတာလည်း တွေ့ရပါ တယ်။ ဂျီနိုအာ အမှတ်ရပါမယ်။
နာပိုလီ – ဆာဆူအိုလို (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ပွဲကျပ်ကာလကြားမှာ ဆာဆူအိုလိုရဲ့ မာဂုဏ်ရပ်တန့် သွားပါပြီ။ ခံစစ်ကဂိုးတွေဆက်တိုက်ပေးနေရတာ ဆာဆူအိုလို ရဲ့ လတ်တလောအားနည်းချက်ဖြစ်ပြီး အိမ်ကွင်းမှာပုံမှန်ဂိုးသွင်း နိုင်လေ့ရှိတဲ့ နာပိုလီတိုက်စစ်ကိုလည်း ထိန်းချုပ်နိုင်မယ်မထင် ဘူး။ နာပိုလီက နောက်ပိုင်းပွဲတွေမှာ တိုက်စစ်အားလျော့နေပေ မယ့် ဖြတ်တင်ဘောတွေ၊ တွဲလုုံးတွေကိုတားဆီးရာမှာ ဆာဆူ အိုလိုခံစစ်အားနည်းလို့ နာပိုလီ (၂)ဂိုးပြတ်နိုင်မယ်။