လာဇီယို – ဂျီနိုအာ (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိလာလို့ လာဇီယို အား စိုက်ကစားနေပါတယ်။ တိုက်စစ်ဂိုးသွင်းနှုန်းလည်း မြင့်မားနေ ပြီး နောက်ဆုံး (၃)ပွဲမှာ (၁၀)ဂိုးသွင်းယူထားပါတယ်။ ဂျီနိုအာ က တန်းဆင်းအန္တရာယ်ရှိနေသေးလို့ အမှားမခံဘဲ ကစားနေပါ တယ်။ဂျူဗင်တပ်စ်၊ အေစီမီလန်တို့ကို အရေးနိမ့်ခဲ့ပေမဲ့ အခက် တွေ့အောင် လုပ်ပြနိုင်ခဲ့တယ်။ လာဇီယို (၂)ဂိုးပြတ်နိုင်ဖို့ခက် ပြီး (၂-၁)လောက်ပဲ ဖြစ်လာနိုင်တယ်။
ဆာဆူအိုလို – အတ္တလန်တာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဆာဆူအိုလိုက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို လက်မလျှော့သေးပုံပါပဲ။ အရင် တုန်းက အိမ်ကွင်းမှာသာ ပိုပြီးအာရုံစိုက်တတ်ပေမဲ့ ဘင်နီဗန်တို၊ အေစီမီလန်တို့နဲ့ အဝေး ကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့လို့ အထင်ကြီးစရာဖြစ်လာတယ်။ အတ္တလန်တာက နောက်ဆုံးပွဲမှာ သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အမှတ်လိုနေလို့ ဆာဆူအိုလိုဆီကနေ အမှတ်ရအောင်ယူပါလိမ့်မယ်။
နာပိုလီ – ကာဂလီယာရီ (တနင်္ဂနွေည ရး၃၀ နာရီ)
လူပြန်စုံလာတဲ့ နာပိုလီက ရလဒ်ကောင်းတွေ ဆက်တိုက် ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။ အိမ် ကွင်းနောက်ဆုံး (၆)ပွဲမှာ နာပိုလီက အင်တာမီလန်တစ်သင်း တည်းနဲ့ သရေကျထားပြီး (၅)ပွဲ အနိုင်ရထားပါတယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ကာဂလီယာရီက ကျားနာခဲ ခဲနေသလိုပါပဲ။ တန်းမဆင်းရရေးအတွက် ရုန်းကန်နေလို့ နာပိုလီ သတိထားရ မယ်။ (၂)ဂိုးပြတ်နိုင်ဖို့ ခက်ပါတယ်။
ဘိုလော့ဂ်နာ – ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)
နောက်ဆုံးပွဲမှာ အတ္တလန်တာကို အရှက်တကွဲအရေးနိမ့် ထားလို့ ဘိုလော့ဂ်နာ သိက္ခာပြန်ဆယ်မယ်ထင်တယ်။ ဖီအိုရင် တီးနားက အမှတ်လိုအပ်နေပေမဲ့ ဘိုလော့ဂ်နာဆီကနေ တစ် မှတ်ထက် ပိုမရနိုင်ပါဘူး။
အူဒီးနီးစ် – ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁ဝး၃၀ နာရီ)
ဒီပွဲမှာ ရလဒ်ကောင်းရင် အူဒီးနီးစ်က တန်းဆင်းအန္တရာယ် ကနေ လွတ်မြောက်လုနီးပါးဖြစ်သွားပါလိမ့်မယ်။ ဘင်နီဗန်တို နဲ့ပွဲမှာ အူဒီးနီးစ်တိုက်စစ် ပေါက်ကွဲခဲ့ပေမဲ့ ခံစစ်က ဂိုးတွေပေးနေ ရတာ သတိထားရမယ်။ အိမ်ကွင်းမှာလည်း အူဒီးနီးစ် အမှတ် ေတွလျော့နေလို့ ဖိအားတွေအောက်က ဂျူဗင်တပ်စ် အခွင့်အ ရေးယူနိုင်အောင် ကြိုးစားရပါမယ်။ နိုင်ပွဲပြန်ရှာရမယ့် ဂျူဗင် တပ်စ် (၂-၁)လောက်နဲ့ နိုင်မယ်ထင်တယ်။
ဆမ်ဒိုးရီးယား – ရိုးမား (တနင်္လာနံနက် ၁း၁၅ နာရီ)
ရိုးမားက ယူရိုပါလိဂ်ဘက်ကို ပိုပြီးအာရုံစိုက်နေပါတယ်။ စီးရီးအေဘက်ကနေ ဥရောပပြိုင်ပွဲဝင်ခွင့်ထက် ယူရိုပါလိဂ်က နေ တစ်နေရာရရှိအောင် မျှော်လင့်နေပုံပဲ။ ဆမ်ဒိုးရီးယားက ဘာမျှော်လင့်ချက်မှမရှိပေမဲ့ အိမ်ကွင်းမှာ ဟန်မပျက်အောင် ထိန်းကစားပါလိမ့်မယ်။ ဆမ်ဒိုးရီးယား အမှတ်ရမယ်။