ဗင်နီဇီယာ – ရိုးမား (တနင်္ဂနွေညနေ ၆း၀၀ နာရီ)
ဒီရာသီမှာ မော်ရင်ဟိုက စီးရီးအေ Big Six အသင်းတွေ နဲ့ ရင်ဆိုင်ဆုံတွေ့ခန်းမှာ အောင်ပွဲမရသေးတာ စိတ်ပျက်စရာ ဆိုပေမဲ့ နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေဆိုရင် အမှားမခံပါဘူး။ ဒီပွဲက ရိုးမား နိုင်ပွဲမဖြစ်မနေယူထားရမယ်။ မီလန်ဒါဘီရှိနေချိန်မှာ အ မှတ်ပြည့်ယူထားနိုင်ရင် ချန်ပီယံဆုမျှော်လင့်ချက် ပိုပြီးအား ကောင်းလာပါလိမ့်မယ်။ အိမ်ကွင်းမှာ ဗင်နီဇီယာ မထင်မှတ်တာ တွေ လုပ်ပြတတ်ပေမဲ့ ရိုးမား (၂)ဂိုးပြတ်နိုင်မယ်။
ဆမ်ဒိုးရီးယား – ဘိုလော့ဂ်နာ (တနင်္ဂနွေည ၈း၃၀ နာရီ)
ခံစစ်တိုက်စစ်ဟန်ချက်မညီတဲ့ အသင်းနှစ်သင်း စီးချင်း ထိုးမယ့်ပွဲပါပဲ။ (၂)သင်းစလုံး နောက်ဆုံး(၃)ပွဲမှာ (၁)ပွဲစီနိုင်၊ (၂)ပွဲစီ ရှုံးထားပါတယ်။ တောင်ပံတိုက်စစ်အားပြုကစားပုံချင်း လည်း တူညီပြီး ဆမ်ဒိုးရီးယားကွင်းလယ်က စုဖွဲ့မှုပိုကောင်းပါ တယ်။ သရေကျဖို့များပြီး နိုင်မယ်ဆိုရင် ဆမ်ဒိုးရီးယားပါပဲ။
အူဒီးနီးစ် – ဆာဆူအိုလို (တနင်္ဂနွေည ၈း၃၀ နာရီ)
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အလယ်အလတ်အသင်းတွေ အဖြစ်ရှိခဲ့ပေမဲ့ လက်ရှိရာသီမှာ မျှော်လင့်တာထက် အခြေအနေ ဆိုးနေတယ်။ ဆာဆူအိုလိုက တက်ရိပ်ပြနေပြီးမှ အမ်ပိုလီကို ပြန်ရှုံးထားလို့ ဒီပွဲလည်း တစ်မှတ်လောက်ပဲရမယ်။
လာဇီယို – ဆလာနီတာနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လာဇီယိုက အိမ်ကွင်းရလဒ်တွေ တည်ငြိမ်နေပြီး စီးရီး အေအိမ်ကွင်း နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲနိုင်ကာ ရှုံးပွဲမရှိဘူး။ ဒါ ပေမဲ့ နောက်ပိုင်းပွဲတွေမှာ လာဇီယိုတိုက်စစ် ဟန်ချက်ပျက်နေ ပြီး ဂိုးရအောင်ရုန်းကန်နေရတယ်။ ဆလာနီတာနာက အဝေး ကွင်းနောက်ဆုံး (၅)ပွဲမှာ နောက်ဆုံး (၁)ပွဲသာ အနိုင်ရထားပြီး ကစားသမားစုဖွဲ့မှုအရလည်း အားနည်းပါတယ်။ လာဇီယို (၂) ဂိုးပြတ် နိုင်သင့်တဲ့ပွဲပါ။
နာပိုလီ – ဗီရိုနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လက်ရှိအချိန်မှာ စီးရီးအေရဲ့ Form အကောင်းဆုံးစာရင်း ဝင် (၂)သင်းအမှတ်လုမယ့်ပွဲပါ။ ဂျူဗင်တပ်စ်နဲ့ လာဇီယိုကို အ နိုင်ရပြီးနောက် ဗီရိုနာရဲ့ ယုံကြည်စိတ်ခိုင်မာနေသလို၊ တိုက်စစ် မှာ ဆီမြွန်နီကလည်း ဂိုးသွင်းခြေစွမ်းပြနေလို့ နာပိုလီ သတိထား ရမယ်။ ဒါပေမဲ့ စီးရီးအေအိမ်ကွင်း ရာနှုန်းပြည့်နိုင်ပွဲပိုင်ဆိုင်ထား တဲ့ နာပိုလီကို အဝေးကွင်းမှာ နိုင်ပွဲရမသေးတဲ့ ဗီရိုနာ အရှုံးပေး ရလိမ့်မယ်။
အေစီမီလန် – အင်တာမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
မီလန်ဒါဘီဟာ တစ်နှစ်ပြီးတစ်နှစ် တန်ဖိုးနိမ့်ပါးရာကနေ အရင်တုန်းက ဂန္ထဝင် မီလန်ဒါဘီလို မြင်ကွင်းတွေခံစားရမယ့် အချိန်ပြန်ရောက်လာပြီ။ စီးရီးအေချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုလမ်းမှာ မီလန်မြို့ခံနှစ်သင်း အားကောင်းမောင်းသန် တည်ရှိ နေခဲ့ပြီ။ ဒီရာသီမှာ အေစီမီလန်က အင်တာမီလန်ထက် တည်ရှိပုံ ပိုပြီးကောင်းမွန်နေတယ်။ နိုင်ပွဲဆက်မှတ်တမ်းကိုလည်း ပိုင် ဆိုင်ထားတယ်။ လူငယ်သွေးသစ်တွေနဲ့ အီဘရာဟီမိုဗစ်၊ ဂျရူးတို့လို နှစ်ချို့ဝိုင်တွေရဲ့ ပေါင်းစပ်မှုကြောင့် အရောင်လက်နေပြီး အင်တာမီလန်ကလည်း ဂျက်ကို၊ လော်တာရိုမာတီနက်ဇ်အတွဲ မတည်ငြိမ်ချိန်မှာ ကော်ရီယာက (၃)မှတ်တန်ဂိုးတွေ သွင်းယူ နေပါတယ်။ နှစ်သင်းစလုံးခံစစ်မှာ နည်းနည်းလျော့သလိုရှိပြီး စိတ်ဝင်စားစရာအကောင်းဆုံးက ကွင်းလယ်အားပြိုင်မှု ဖြစ်လာပါ လိမ့်မယ်။ သရေပွဲလို့ပဲ ခန့်မှန်းချင်တယ်။