မန်ယူ ၂-၄ လီဗာပူးလ်
အစဉ်အလာပြိုင်ဘက်နှစ်သင်းရဲ့ အိုးလ်ထရက်ဖို့ဒ်အားပြိုင်မှုမှာ လီဗာပူးလ်အသင်းက ဂိုးပြတ်နိုင်ပွဲရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။
လီဗာပူးလ် အသင်းအနေနဲ့ FA ဖလားရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာဖြစ်သလို၊ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၇)နှစ်ကြာမှ ပြန်ရခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဆာလာ၊ ဖေမီနို၊ ဂျိုတာတို့ရဲ့ လီဗာပူးလ်တိုက်စစ်ကတော့ ပိုပြီးထိရောက်မှုရှိခဲ့ပါတယ်။
မန်ယူတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် ခြေမပေါ်ခဲ့သလို၊ ပေါ့ဘာကလည်း အမှားအယွင်းများခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ခံစစ်ပိုင်းမှာ အားနည်းချက်အနည်းငယ် ရှိခဲ့ပေမဲ့ ပွဲချိန်အများစုမှာ မန်ယူအသင်းကို ဖိအားပေးကစားသွားနိုင်ခဲ့ပါတယ်။
ဦးဆောင်ဂိုးကိုတော့ မန်ယူအသင်းက ရရှိခဲ့ပြီး (၁၀)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက် လီဗာပူးလ် နောက်ခံလူ နသန်ဖိလစ်နဲ့ထိပြီး ဝင်သွားခဲ့တာပါ။
ဒါပေမဲ့ (၃၄)မိနစ်မှာ နသန်ဖိလစ်ရဲ့ ကန်ချက်ကို ဂျိုတာက နောက်ပေါက်နဲ့ လှလှပပကန်သွင်းပြီး ချေပဂိုးပြန်လည်ရယူခဲ့ပါတယ်။
နောက်ပိုင်းမှာ လီဗာပူးလ်ရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပြီး နာကျင်အချိန်ပိုနဲ့ ဒုတိယပိုင်း အစ(၄၇)မိနစ်မှာ ဖေမီနိုသွင်းယူတဲ့ဂိုးတွေနဲ့ နိုင်ပွဲကို သေချာသလောက်ဖြစ်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။
(၆၈)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် တစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ဆာလာက လီဗာပူးလ်အတွက် စတုတ္ထဂိုး ထပ်သွင်းခဲ့ပါတယ်။
လီဗာပူးလ်က ချယ်လ်ဆီးထက် တစ်ပွဲလျော့(၄)မှတ်ကွာအနေအထား ဖြစ်လာခဲ့ပါတယ်။