ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားရန် စီစဉ်ထား ခဲ့သည့် မန်ယူအသင်းနှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဉ်သည် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းသို့ မန်ယူအသင်းပရိသတ်များ ချဉ်းနင်းဝင်ရောက်ခဲ့ကြပြီးနောက် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။
မန်ယူအသင်းပရိသတ်များသည် အသင်းပိုင် ရှင်များဖြစ်သည့် ဂလေဇာမိသားစုကို ဆန္ဒပြသည့် အနေဖြင့် ပွဲမစမီကတည်းက လုံခြုံရေးဝန်ထမ်းများ နှင့် အတားအဆီးများကို ကျော်ဖြတ်ကာ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ မန်ယူအသင်း ပရိသတ်များသည် ဂလေဇာမိသားစုအပေါ် မကျေနပ်သည့် အပြုအမူများကို အမြဲတစေ ပြသလေ့ရှိ သော်လည်း ယခုကဲ့သို့ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း အထိ ဝင်ရောက်ပြီး ဆန္ဒပြခြင်းမှာမူ ပထမဆုံး အကြိမ် ဖြစ်ကာ လွန်ခဲ့သည့်နှစ်ပတ်က ပရိသတ်များ၏ ဆန္ဒ ကို ဆန့်ကျင်ကာ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကြေညာ သည့် အသင်း (၁၂)သင်းထဲတွင် ပါဝင်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်။ ယင်းအစီအစဉ်မှာလည်း ပရီးမီးယားလိဂ်အသင်း (၆)သင်းစလုံး၏ ပရိသတ်များ ၏ ကန့်ကွက်၊ ဆန္ဒပြမှုများကြောင့် ပရီးမီးယားလိဂ် အသင်းများ ပြန်လည်နုတ်ထွက်ခဲ့ရပြီးနောက် ပြိုင်ပွဲတစ်ခုလုံး၏ အစီအစဉ်မှာလည်း ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။
ယခုဖြစ်ရပ်တွင် ဒေသစံတော်ချိန် နေ့လယ် (၂)နာရီခန့်ကတည်းက မန်ယူအသင်းပရိသတ် (၂၀၀) ခန့်က စတင်ကာ ဂလေဇာမိသားစုကို ဆန့် ကျင်သည့် ပိုစတာများကို ကိုင်ကာ စတင်ဆန္ဒပြခဲ့ ကြခြင်းဖြစ်ပြီး နေ့လည် (၂း၂၀)နာရီခန့်တွင် ကွင်း အတွင်းထဲအထိ ရောက်ခဲ့ကြခြင်းလည်းဖြစ်သည်။
ကွင်းအတွင်း ဝင်ရောက်ဆန္ဒပြသူများရှိသလို၊ ကွင်းပြင်ပတွင်လည်း ဆန္ဒပြသူများ ရှိခဲ့ကာ ပရီးမီး ယားလိဂ်အဖွဲ့ချုပ်က ပွဲကိုဆက်ကစားနိုင်ရန် အစွမ်း ကုန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ ယင်းပွဲသည် ယ ခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါသည့် ပွဲတစ်ပွဲဖြစ်ပြီး၊ အကယ်၍ လီဗာပူးလ်အသင်းကသာ မန်ယူအသင်းကို အနိုင်ရရှိခဲ့ပါက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရထားပြီးဖြစ်သည့် မန်စီးတီးအသင်း သည် အမှတ်ပေးချန်ပီယံဖြစ်လာမည်ဖြစ်သည်။
မန်ယူ-လီဗာပူးလ်ပွဲ ရွှေ့ဆိုင်းခဲ့ရသည့် Timeline
- မန်ယူအသင်းပရိသတ်များက လုံခြုံရေးများနှင့် အတားအဆီးများ ကိုကျော်ကာ ကွင်းအတွင်း ဝင်ရောက်။
- မန်ယူအသင်းနှင့် လီဗာပူးလ်အသင်းတို့ တည်းခိုရာဟိုတယ်မှ ထွက်ခွာခြင်းမရှိဟု Sky Sports ဖော်ပြ။
- ပရိသတ်များက အဝတ်လဲခန်းထဲ မဝင်သဖြင့် ကိုဗစ်စည်းမျဉ်းကို မချိုးဖောက်သေးဘဲ ပုံမှန်အတိုင်းကစားစေမည်ဟု ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကြေညာ။
- ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမည့် မိုက်ကယ်အိုလီဗာက ကွင်း အတွင်းမှ ထွက်ခွာသွားခဲ့ဟု မီဒီယာများ ဖော်ပြခဲ့ပြီး၊ ယင်းပွဲကို ရွှေ့ ဆိုင်းရန် သေချာသလောက်ရှိနေပြီဟု စတင်ဖော်ပြလာ။
- ပွဲစရန် တစ်နာရီအလိုတွင် နှစ်ဖက်အသင်း၏ ပွဲထွက် (၁၁)ဦးလူ စာရင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထုတ်ပြန်။
- မိုက်ကယ်အိုလီဗာ ကွင်းအတွင်း ပြန်ရောက်လာသော်လည်း ဂျာ နယ်လစ်အတော်များများ ကွင်းထဲဝင်နိုင်ခြင်းမရှိ။
- ယခုကဲ့သို့ အခြေအနေများဖြစ်လာခြင်းသည် လွန်ခဲ့သည့် (၂)ပတ် ခန့်က အသင်းအပေါ် အသင်းပို်င်ရှင်များ ပြုမူခဲ့သည့်အရာများဖြစ် သည်ဟု ဂယ်ရီနဗီးလ် ကြေညာခဲ့ပြီး၊ ပရိသတ်များ၏ ခံစားချက်ကို ရာနှုန်းပြည့်နားလည်ပေးနိုင်သည်ဟု ရွိုင်ကင်းဆို။
- လုံခြုံရေးတာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ယင်းပွဲကို ဒေသ စံတော်ချိန် ညနေ (၄း၃၀)နာရီမတိုင်ခင် ကစားနိုင်မည်မဟုတ်ဟု ပ ရီးမီးယားလိဂ်အဖွဲ့ချုပ် ထုတ်ပြန်။
- မူလသတ်မှတ်ထားသည့် ပွဲစချိန်ကို ရောက်ရှိလာသော်လည်း နှစ် ဖက်ကစားသမားများ ဟိုတယ်မှ ထွက်မလာကြသေး။
- ပရီးမီးယားလိဂ်အဖွဲ့ချုပ်၊ ရဲတပ်ဖွဲ့နှင့် နှစ်ဖက်အသင်းတာဝန်ရှိသူ များ တွေ့ဆုံပြီးနောက် ပွဲစဉ်ရွှေ့ဆိုင်းခြင်းကိုအတည်ပြု။
- ပရိသတ်များသည် သူတို့၏ ဆန္ဒကို ထုတ်ဖော်ပြသခွင့်ရှိပြီး၊ ရှင်း လင်းပေးခဲ့သည့် ရဲတပ်ဖွဲ့နှင့်လုံခြုံရေးဝန်ထမ်းများကိုကျေးဇူးတင် ကြောင်း၊ ပရိသတ်များအပေါ် အရေးမယူရန် ကူညီသွားမည်ဖြစ် ကြောင်း မန်ယူအသင်းကြေညာ။