မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ လူးဝစ် ဆာဟာ က အင်တာ မီလန် မှ အသင်းဟောင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ဂိုးသမား အိုနားနား ဟာ မန်ချက်စတာမှာ အောင်မြင်လိမ့်မယ်လို့ သုံံးသပ် သွားခဲ့လိုက်ပါတယ် ။
လက်ရှိအချိန်မှာတော့ ယူနိုက်တက် အားကစား ဒါရိုက််တာ ဖြစ်သူ ဂျွန် မားတော့ဗ် ဟာ အီတလီ ကို ရောက်ရှိနေပြီး အိုနားနား ကို ခေါ်ယူ ရရှိရေး အတွက် အင်တာ မီလန် အသင်းနဲ့ ညှိနှိုင်း နေပါတယ် ။
အခြားတဖက်မှာတော့ ကစားသမား ဖြစ်သူ ကိုယ်တိုင် ကလည်း နည်းပြဟောင်း တန်ဟတ် နဲ့ တစ်ဖန် ပြန်လည် လက်တွဲ အလုပ်လုပ်လိုနေပါတယ် ။ အခုတော့ ဆာဟာ က အိုနားနား ဟာ အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ အောင်မြင်မယ် လို့ပဲ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဆက်လက် တိုးတက်ဖို့ စိတ်အား ထက်သန်နေတဲ့ ဂိုး သမား ပါ ။ အသက် 27 နှစ်ပဲ ရှိပါသေးတယ် ။ ဒါ့အပြင် သူဟာ အတွေ့အကြုံကောင်းတွေ အများကြီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ”
” မန်နေဂျာ က ခံစစ်ကနေ ဘောလုံး တည်ကစားချင်သူပါ ။ သူဟာ ပြိုင်ဖက် ကစားသမားတွေကို ဘယ်လောက် အထိ စိတ်အနှောက်အယှက် ပေးခဲ့ဖူးသလဲဆိုတာကို ခင််ဗျားတို့ မြင်နိုင်ပါတယ် ။ အိုနားနားဟာ ယူနိုက်တက်အတွက်် အရေးပါတဲ့ ကစားသမား ဖြစ်မယ်လို့ ကျွန်တော် ယုံနေပါတယ် ”

” ဟုတ်ပါတယ် ၊ ဂိုးသမားတိုင်းက အမှားကျူးလွန်တတ်ကြပါတယ် ။ အဲ့တာတွေကြောင့် ဂိုးတွေပေးရတယ်လေ ။ ဒါပေမဲ့ အိုနားနား ကြောင့်တော့ အသင်းဟာ ဂိုး ပိုပြီး ရဖို့ပဲ ရှိနေပါလိမ့်မယ် ။ ကစားသမား အတွက်တော့ လိဂ် အသစ််မှာ အံဝင်ဖို့ အချိန်ပေးရမှာပဲလေ ”
” အင်တာ မီလန် ရဲ့ ကျစ်လျစ်တဲ့ ကစားကွက်မှာ ကစားပေးနိုင်တဲ့ သူဟာ မန်ချက်စတာမှာလည်း သေချာပေါက် အံဝင်နိုင်မှာပါ ။ သူ့ရဲ့ တိုက်စစ်ဆီကို ဘောလုံးပေးပို့မယ် ဆိုတဲ့ ခံယူချက် ၊ ကစားပုံ နဲ့ အင်တာ မီလန် အသင်းကို ပိုကောင်းစေနိုင်ခဲ့တယ်လေ ”
” ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း သူဟာ တူညီတဲ့အရာတွေကို လုပ်ဆောင်ပြနိုင်ဦးမယ်လို့ ကျွန်တော် ယုံကြည်နေမိပါတယ် ” လို့ ဆာဟာ က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။