မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ FA ဖလား ပြိုင်ပွဲ ရဲ့ Round 3 ပွဲစဉ် အဖြစ် ချန်ပီယံရှစ် ကလပ် ဝက်ဖို့ဒ် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံ ကစားခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ကာ နောက် တစ်ဆင့် တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပွဲစဉ်တွေ ဆက်တိုက် ကစားခဲ့ ကြတဲ့ ကစားသမား တွေကို အနားပေး ခဲ့ပြီး ပွဲကစားခွင့် မိနစ်တွေ နည်းပါးခဲ့ ကြတဲ့ အရံ ကစားသမား တွေနဲ့သာ ယှဉ်ပြိုင် ကစား စေခဲ့ ပါတယ် ။ ဒီပွဲမှာတော့ ဂျက်စီ လင်ဂတ် နဲ့ ဗန်ဒီ ဘိခ် တို့လည်း ပွဲထွက် ကစားခွင့် ရခဲ့ကြ ပါတယ် ။
ယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် 5 မိနစ်မှာ အဲလက်စ် တဲလက်စ် ရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ခေါင်းတိုက် သွင်းယူခြင်းဖြင့် ကွင်းလယ်လူ မက် တော်မီနေး က ရရှိ စေခဲ့တာပဲ ဖြစ်ပါတယ် ။ ပွဲစဉ် ကတော့ အဆိုပါ သွင်းဂိုး တစ်ဂိုး နဲ့သာ ပြီးဆုံး သွားခဲ့ရ ပါတယ် ။
ဒါ့အပြင် အနိုင်ဂိုး သွင်းယူ ခဲ့တဲ့ မက် တော်မီနေးဟာ ဟယ်ရီ မက်ဂွားယား အရံခုံပေါ် ရှိနေခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဆင်မြန်းခွင့် ရရှိခဲ့ ပါတယ် ။ အခုလို အသင်းကို ဦးဆောင်ခွင့် ရရှိခဲ့တာက သူ့အတွက်တော့ တစ်ကယ့်ကို အိပ်မက်ဆန်လွန်ကြောင်း ၊ ဒီအသင်းကို အရမ်းပဲ ချစ်မြတ်နိုးကြောင်း ခံစားချက် ဖွင့်ဟခဲ့လိုက် ပါတယ် ။
” အသင်း ခေါင်းဆောင် ဖြစ်ခွင့် ရမယ်လို့ မန်နေဂျာက ကျွန်တော့်ကို ပြောခဲ့တဲ့ အချိန်က တစ်ကယ့်ကို အပ်မက်လို ဖြစ်ခဲ့ရ ပါတယ် ။ အသင်းမှာ 18 – 19 နှစ် နေခဲ့တဲ့ ကျွန်တော့် အတွက်တော့ ခမ်းနားတဲ့ ဂုဏ်ပြု ခံရမှု တစ်ခု ပါပဲ ။ ကျွန်တော် ဒီအသင်းကို အရမ်းချစ် ပါတယ် ။ ဒါဟာ စစ်မှန်တဲ့ ဂုဏ်ပြု ခံရခြင်း ပါပဲ ” လို့ တော်မီနေး က ပြောခဲ့လိုက် ပါတယ် ။
ယူနိုက်တက် ကွင်းလယ်လူ ဂျက်စီ လင်ဂတ်ဟာ စက်တင်ဘာလ တုန်းက ဘရိုက်တန် အသင်းကို အနိုင်ကစားခဲ့တဲ့ ကာရာဘောင်း ဖလား ပွဲစဉ်နောက် ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ပွဲထွက် ကစားခွင့် ပြန်လည် ပိုင်ဆိုင် နိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူဟာ ပွဲကို ကောင်းကောင်း စတင် နိုင်ခဲ့ ပါတယ် ။
လင်ဂတ် ကစားခဲ့တဲ့ မိနစ်တွေကို ကြည့်ရှု လိုက်မယ် ဆိုရင်တော့ သူဟာ ချိတ်ဆက် ကစားပုံ ကောင်းပြီး ပြိုင်ဖက် ခံစစ်ပိုင်းကို ဒုက္ခ အနည်းငယ် ပေးခဲ့တာက လွဲရင် ထူးခြားမှုတွေ မလုပ် နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် တော်မီနေး ကတော့ အခုလို ပြန်လည် ကစားခွင့် ရရှိတဲ့ အချိန်မှာ ဒီလောက် လုပ်ပြ နိုင်ခဲ့တဲ့ အသင်းဖော်ရဲ့ စွမ်းဆောင်ရည်ကို အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။
” ဒါက အသင်းလိုက် အဖွဲ့လိုက် ကစား ရတဲ့ ပြိုင်ပွဲ တစ်ခုပါ ။ အဲ့တာကို ဒီည မြင်တွေ့ ကြမှာပါ ။ ဒီနေ့ ပွဲစဉ်မှာ ပါဝင် ကစားခွင့် မရရှိခဲ့ ကြတဲ့ ကစားသမား အချို့ ရှိနေကြ ပါတယ် ။ သူတို့ တွေဟာ အင်္ဂါနေ့ ( ဘန်လေနဲ့ပွဲ ) မှာ ပြန်လည် ပါဝင် နိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင် ပါတယ် ။ ဒါ့ကြောင့် ပွဲထွက် ကစားသမား အပြောင်းအလဲ ဖြစ်လာဦးမှာပါ ”
” ဒီနေ့ ပွဲစဉ် မှာတော့ ဂျက်စီ ၊ ဒွန်နီ နဲ့ ကောင်လေး တွေဟာ အသင်းလိုက် ကစားပုံ ပြခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပထမပိုင်း အတွင်း ဒန်ဂျိမ်းစ် ရောပေါ့ဗျာ ။ ဂျက်စီ ကတော့ အရမ်း အရမ်းကို ကောင်းမွန်ခဲ့ ပါတယ် ။ သူဟာ ပြိုင်ဖက်တွေ အတွက် ပြသနာ တွေကို အမှန်အကန် ဖြစ်စေ နိုင်ခဲ့ ပါတယ် ။ ဒီအတွက် သူ့ကိုပဲ ဂုဏ်ထူးမှတ် ပေးရ ပါ့မယ် ”
” သူဟာ ခက်ခဲတဲ့ အခိုက်အတန့် တွေကိုပဲ ဖြတ်သန်းခဲ့ ရတဲ့ ကစားသမား တစ်ယောက်ပါ ။ သူ အခုလို ကစားပြ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင် ကျေနပ်မိ ပါတယ် ” လို့ မက် တော်မီနေးက အသင်းဖော် ဖြစ်သူကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကလည်း လင်ဂတ် နဲ့ ပတ်သက်လို့ …
” သူဟာ အချိန် အတော်ကြာ အသင်းနဲ့ အလှမ်းဝေး နေခဲ့ ပါတယ် ။ သူဟာ ပွဲစဉ်ကို တောက်ပစွာနဲ့ စတင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ်ခါနီ မှာတော့ သူဟာ အနည်းငယ် မောပမ်း နေခဲ့ ပါတယ် ” လို့ မှတ်ချက်ပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။