ပရီးမီးယားလိဂ်ဇယားတွင် အဆင့် ၁၄ သို့ရောက်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ အာမိုရင်အား ခန့်အပ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ podcast တွင် ဖာဒီနန်က “သူ့ကိုကြည့်မယ်ဆိုရင် ကာလရှည်အတွက် လုံးဝကို ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ရေတိုအတွက်တော့ သူ့ရဲ့နည်းစနစ်ကို ပြောင်းလဲသွားမယ့်သူ မဟုတ်ပါဘူး။ အဲ့ဒါကို ကျွန်တော်လည်း သဘောတူပါတယ်”
“ပြောင်းလဲဖို့နှင့် အရင်ကအတိုင်းလုပ်မယ်ဆိုရင် အနိုင်ရရှိမှာမဟုတ်ပါဘူး။ ဘာလို့အရင်ကအတိုင်း ပြန်လုပ်ရမှာလဲ”
“ယူနိုက်တက်ရဲ့အရင်က ကစားဟန်အတိုင်း အမ်မိုရင်က ပြန်ပြောင်းမယ်လို့ ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး။ ဒါကလည်း အသင်းကို တည်ငြိမ်အောင်ထိန်းနိုင်မှာ မဟုတ်လို့ပါ” လို့ ပြောပါတယ်။
“ဒီစနစ်မှာ အဓိကကတော့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပါ။ အဲရစ်ဆင်နဲ့ ကက်စ်မဲရိုးတို့က အားနည်းတဲ့ အရာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ အကူအညီမဖြစ်ပါဘူး။ သူတို့ကလည်း လေ့ကျင့်ပြီး အမ်မိုရင်က သူ့ရဲ့အကြံဉာဏ်ကို အသုံးချိနိုင်မယ်ဆိုရင် နေရာပျောက်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနေတုန်းပါ။ ပိုမိုရွှေ့လျားကစားနိုင်တဲ့ ကစားသမား ၂ ဦးကိုထည့်ပြီး လုပ်မယ်ဆိုရင် အားလုံးက တိုးတက်လာမှာပါလို့ ပြောသင့်တယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့မှာ တူညီတဲ့ပြဿနာရှိနေတုန်းလို့ ထင်ပါတယ်” လို့ ဖာဒီနန်က ထပ်လောင်း ပြောကြားထားပါတယ်။