spot_img

အာနိုးလ်က မာတင်နယ်လီကို မထိန်းချုပ်နိုင်ဘူးဟု ပြောသူရှိလာပါက မိမိထံ ခေါ်လာရန်နှင့် အမှောက်ထိုးချလိုက်မည်ဟု ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အာဆင်နယ်အသင်း၏ တောင်ပံကစားသမား မာတင်နယ်လီအား အသင်း၏နောက်ခံလူ အာနိုးလ်က မထိန်းချုပ်နိုင်ဟု ပြောသူရှိလာပါက မိမိထံ ခေါ်လာရန် နှင့် ၎င်းအား မှောက်သွားသည်အထိ ထိုးချလိုက်မည်ဖြစ်ကြောင်း ကာကွယ် ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အာ ဆင်နယ်အသင်း၏ကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်တွင် (၀-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ခက်ခက်ခဲခဲကစားခဲ့ရသလို၊ အာနိုးလ်မှာလည်း အာဆင်နယ်သင်း၏ ဘယ်တောင်ပံကစားသ မားဖြစ်သူ မာတင်နယ်လီအား ခက်ခက်ခဲခဲ ထိန်းချုပ်ကစားခဲ့ရသည်။

myan789

မာတင်နယ်လီသည် တစ်ဦးချင်း ကျွမ်းကျင်မှုသာမက၊ အမြန်နှုန်းဖြင့်ပါ အာနိုးလ်ကို အခက်တွေ့စေခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် အာနိုးလ်အပေါ် ဝေဖန်မှုများရှိနေပြီး ဆိုရှယ်မီဒီယာများတွင်လည်း လှောင်ပြောင်နေကြရာ ယာဂန်ကလော့ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တောင်ပံကစားသမားတွေကို ခံစစ်က ထိန်းချုပ်ရတယ်ဆိုတာ အဓိကအခိုက်အတန့်လေးတွေကို ထိန်းချုပ်ရတာ။ တချို့ဖြတ်တင်ဘောလေးတွေ လွတ်သွားတာကလွဲရင် အာနိုးလ်ရဲ့ထိန်းချုပ်ကစားပုံက မယုံနိုင်စရာပါ။ တကယ်လို့ အာနိုးလ်က မာတင်နယ်လီကို မထိန်းချုပ်နိုင်ဘူးပြောရင် အဲဒီလူကို ကျွန်တော့်ဆီခေါ်ခဲ့ပါ။အမှောက် ထိုးချလိုက်မယ်”ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular