spot_img

အာဆင်နယ် အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အာတီတာ ဦးစားပေး လုပ်ဆောင်ရမယ့် အရာကို အကြံဉာဏ် ပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အာတီတာ အနေနဲ့ အာဆင်နယ် ကစားသမားတွေ ဘောလုံး ကစားရတာ ပြန်လည် ပျော်ရွှင်အောင် လုပ်ဆောင်သင့်ကြောင်း နဲ့ သူ့ရဲ့ နည်းဗျူဟာပိုင်းဟာ ပျင်းစရာ ကောင်းလွန်းကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် ဟာ ဒီရာသီ ၈ ပွဲမြောက် ရှုံးပွဲ အဖြစ် အဲဗာတန် အသင်းကို ရှုံးနိမ့် သွားခဲ့ပြီး ၁၄ ပွဲ ကစားအပြီးမှာ တစ်ပွဲ တစ်မှတ်နှုန်း နဲ့ ရမှတ် ၁၄ မှတ်သာ ရရှိထားပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ တန်းဆင်းဇုန် နဲ့ ၄ မှတ်ကွာ အနေအထားကို ရောက်ရှိ နေပြီး လာမယ့် အပတ်မှာလည်း ချဲလ်ဆီး နဲ့ ကစားသွား ရဖို့ ရှိနေပါတယ် ။

myan789

ဂယ်ရီနဗီးလ် က ဒီရာသီမှာ အာဆင်နယ် အသင်းဟာ တန်းဆင်း ရနိုင်ချေ ရှိတယ် ဆိုတဲ့ အဆိုတွေကို ငြင်းဆန်လိုက်ပေမယ့် အာတီတာ အနေနဲ့ သူ့အသင်းရဲ့ ကစားပုံကို မပြောင်းလဲပါက ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှု ကို ဆုံးရှုံး ရနိုင်ကြောင်း သတိပေး သွားခဲ့ပါတယ် ။

” မီခေးလ် အာတီတာ ရဲ့ အသင်းက ပိုပြီး ကျစ်လစ် လာပေမယ့် ကစားတာက အတော်လေး ပျင်းစရာ ကောင်းပါတယ် ။ အဲ့ဒီ အနေအထားကနေ ရုန်းထွက် နိုင်မှ ရပါမယ် ၊ ပျင်းစရာ ကောင်းအောင် ကစားလို့ မရပါဘူး ။ ”

” မန်ယူနိုက်တက် နဲ့ ပတ်သက်ပြီး ကျနော် ပြောနေကြ စကား ရှိပါတယ် ၊ အိုးထရက်ဖိုဒ့် မှာ ကစားရင် နိုင်လို့ရတယ် ရှုံးလို့လည်း ရတယ် ပျင်းစရာ ကောင်းအောင်တော့ ကစားလို့ မရဘူးလို့ အမြဲ ပြောပါတယ် ။ ”

” ပရိသတ်တွေ အများစုလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ် ၊ ကိုယ့်အသင်း နိုင်တာ သရေကျတာ ရှုံးတာကို ကြည့်နိုင်ပေမယ့် ပျင်းဖို့ ကောင်းအောင် ကစားတာကိုတော့ လက်ခံမှာ မဟုတ်ပါဘူး ။ ”

” အခု အချိန်မှာ အာဆင်နယ် ကစားသမားတွေကို ကြည့်ရတာ ပျင်းစရာ ကောင်းပါတယ် ၊ သူတို့ ကစားနေတဲ့ ပုံစံက တကယ့်ကို ရုန်းကန် ခက်ခဲ နေတဲ့ ပုံပါပဲ ။ ”

” လာမယ့် အပတ်အတွင်းမှာ အာတီတာ လုပ်ရမယ့် အရာ တစ်ခု ရှိပါတယ် ။ ရလဒ်ကောင်းအောင် ၊ စွမ်းဆောင်ရည်ကောင်းအောင်ထက် ကစားသမားတွေ ဘောလုံး ကစားရတာ နှစ်သက်လာအောင် လုပ်ရမှာပါ ။ သူတို့ ကွင်းထဲမှာ ကစားနေပုံက ပျော်ရွှင်ပုံ မရပါဘူး ။ ”

” အဲဗာတန် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတွေ ကစားတာကြည့်ရတာ သူတို့က အာတီတာ ရဲ့ နည်းစနစ် နဲ့ အံ့ဝင်ဖို့ ရုန်းကန် နေရပြီး နည်းပြ ကစားစေချင်တဲ့ ပုံစံကို အယုံအကြည် မရှိ ပုံပေါက်နေပါတယ် ။ ဒါ့အပြင် ကစားသမားတွေကလည်း သူတို့နဲ့ တွဲကစားရသူတွေက မကောင်းဘူးလို့ ထင်ကြပုံပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular