spot_img

အာဆင်နယ် အသင်း ပွဲထွက် လူစာရင်း ကနေ ချန်လှပ်လို့ မရနိုင်တဲ့ ကစားသမား တစ်ဦး နာမည် ပြောကြားလိုက်တဲ့ ဝင်တာဘန်း

ဂန်းနား နောက်ခံလူဟောင်း ဝင်တာဘန်း က လူငယ် ကြယ်ပွင့် စမစ်ရို ဟာ အာဆင်နယ် အသင်း ပွဲထွက် လူစာရင်း ကနေ ချန်လှပ်လို့ မရနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ စမစ်ရို ၊ ဆာကာ ၊ မာတီနယ်လီ တို့ကို ပွဲထွက် အသုံးပြုတဲ့ အချိန်ကစပြီး အသင်းဟာ နိုင်ပွဲတွေ ပြန်ရခဲ့ကာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ အနိုင် ရထားပါတယ် ။

myan789

အဆိုပါ ခြောက်ပွဲမှာ စမစ်ရို ဟာ ငါးပွဲ အထိ ပွဲထွက် ကစားခဲ့ပြီး အာဆင်နယ် အသင်းဟာ နိုင်ပွဲ လေးပွဲ အထိ ရခဲ့ပါတယ် ။ အင်္ဂလန် လူငယ်လေးဟာလည်း အဆိုပါ ငါးပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် စမစ်ရို ဟာ နယူးကာဆယ် နဲ့ အက်ဖ်အေ ဖလားမှာလည်း လူစားဝင်ပြီး အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

ဝင်တာဘန်း က အာဆင်နယ် အသင်းရဲ့ အကယ်ဒမီ ထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ စမစ်ရို ရဲ့ စွမ်းဆောင်ရည်ဟာ အမြင့်ဆုံးမှာ ရှိနေပြီး ပွဲထွက် လူစာရင်းကနေ ချန်လှပ်လို့ မရနိုင်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဝင်တာဘန်း က Bookmakers . co . UK မှာ ” သူ့(စမစ်ရို) ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းသထက် ကောင်းလာပါပြီ ။ သူက အာဆင်နယ် အသင်းမှာ ရှိနေတဲ့ အရာတွေနဲ့ အနည်းငယ် မတူ ကွဲပြားတဲ့ အရာတွေကို ယူဆောင် လာပေးသူလို့ပြောနိုင်ပါတယ် ။ ”

” ဒါကြောင့် သူ့အနေနဲ့ ယုံကြည်မှုကို ပိုမို တည်ဆော​က် နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ သူ့မှာ လိုအပ်ချက် အနည်းငယ် ရှိနေသေးပေမယ့် သူသာ အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ဆက်ထိန်းထား နိုင်မယ်ဆို မန်နေဂျာ အနေနဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ရဲမှာ မဟုတ်ပါဘူး ။ ”

” သူ လုပ်ပြထားတဲ့ အရာတွေကြောင့် လူစာရင်းကနေ ချန်လှပ်လို့ မရ နိုင်ပါဘူး ။ ကစားသမား တစ်ဦး အနေနဲ့ ကိုယ်ဘက်က စွမ်းဆောင်ရည်ကောင်း ပြသပြီး နည်းပြ ရွေးချယ်စရာ မရှိအောင် လုပ်ရမှာပါ ၊ ဆာကာ လည်း အဲ့ဒီလို လုပ်ပြခဲ့သလို စမစ်ရို လည်း အခု အဲ့လို လုပ်နေပါတယ် ။ ”

” အာဆင်နယ် အသင်း က ကွင်းလယ် ဖန်တီးရှင် တစ်ဦး ခေါ်ဖို့ လိုအပ်နေတယ် ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့ပါတယ် ။ ဒီရာသီ မဟုတ်ရင်တောင် လာမယ့် ရာသီပေါ့ဗျာ ၊ အခုဆို အာတီတာ က ဈေးကွက် အတွင်းမှာ မျက်နှာသစ် ကစားသမားတွေ ရှာဖွေ နိုင်ဖို့ နွေရာသီ အထိ စောင့်ဆိုင်းလောက်ပါပြီ ။ ”

” စမစ်ရို ကြောင့် ကွင်းလယ် ဖန်တီးရှင်ကစားသမား ခေါ်ယူမယ့် အစီအစဉ်ကို နွေရာသီမှ လုပ်တော့မယ့်ပုံပါပဲ ၊ ဒီလူငယ်လေးက တောက်လျှောက် တိုးတက် နေတာပါ ၊ ရေတိုကာလမှာတော့ စမစ်ရို က အဲ့ဒီနေရာကို ဖြည့်ဆည်း ပေးထားမှာပါ ၊ ရာသီကုန်ကျမှ အာတီတာ အခြေအနေတွေကို ပြန်ဆန်းစစ်ရပါမယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular