ဂန်းနား ဂန္တဝင် ကစားသမားဟောင်း အီယန်ရိုက် က ရလဒ်တွေ ဆိုးရွားနေချိန်မှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေတဲ့ ကစားသမားတွေကို ပွဲထွက် အသုံးပြုနေတဲ့ နည်းပြ အာတီတာ ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ် ဝေဖန် လိုက်ပါတယ် ။
အီယန်ရိုက် က ဝီလီယံ ၊ မူစတာဖီ ၊ ကိုလာစီနက် တို့ကို အသုံးပြုမယ့် အစား စမစ်ရို ၊ ဝီးလော့ တို့လို လူငယ် ကြယ်ပွင့်တွေကို နေရာပေး သင့်တယ်လို့ Optus Sports’s The Kelly and Wrighty မှာ ပြောကြား သွားခဲ့ပါတယ် ။
” မန်နေဂျာ နဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ဦးတည်း အမြင်ကို ပြောပါမယ် ၊ သူ အသုံးပြုနေတဲ့ ကစားသမားတွေ အကြောင်းပေါ့ဗျာ ။ ကျွန်တော်ကတော့ ဝီးလော့ ၊ စမစ်ရို တို့လို လူငယ် ကစားသမားတွေကို နေရာရတာမျိုးကို မြင်တွေ့ချင်ပါတယ် ။ ”
” ရိုးရိုးရှင်းရှင်းပါပဲ ၊ ဘာကြောင့်လဲ ဆိုတော့ ဝီလီယံ ကို ကြည့်မယ်ဆိုရင် ခုထိ အသင်းအတွက် ဘာမှ ကောင်းကောင်းမွန်မွန် မလုပ်ပြထားနိုင်ပါဘူး ။ ကိုလာစီနက် လို ကစားသမားမျိုး ၊ မူစတာဖီ လို ကစားသမားမျိုးကို ဘာကြောင့် ကစားခွင့် ပေးနေတာလဲဗျာ ။ ”
” သူတို့ထက် စာရင် ယူ-၂၃ အသင်းမှာ ကစားနေတဲ့ ဆာလီဘာ ကို အသင်းကြီးမှာ နေရာပေးစေချင်ပါတယ် ။ စမစ်ရို ကိုလည်း အသင်းကြီးမှာ ကစားခွင့် ရစေချင်ပါတယ် ၊ ကျွန်တော်လည်း မတူကွဲပြားတဲ့ အရာ တစ်ခုခုကို မြင်တွေ့ ချင်ပါတယ် ။ ”
” အာဆင်နယ် အသင်းက အထက်ကလူတွေကို ကျနော် ပြောချင်တာက အိုဇေးလ် ကို ကစားခွင့် မပေးဘူးဆိုလည်း ပိုက်ဆံ ပေးပြီး အသင်း ပြောင်းခိုင်းလိုက်ပါ ။ ကိုလာစီနက် လည်း တူတူပါပဲ ၊ အသင်းအတွက် ဘာမှ မစွမ်းဆောင်ထားနိုင်တဲ့သူတွေ အားလုံး အတူတူပါပဲ ။ ”
” ဒါ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်နေတဲ့ အရာပါပဲ ၊ အသင်းကို အကျိုးပြု နိုင်မယ့် ကစားသမားတွေပဲ ထားရပါမယ် ၊ အာဆင်နယ် အနေနဲ့ သူတို့ အခု အခြေအနေဟာ ဆိုးသထက် ဆိုးရွား သွားနိုင်တယ် ဆိုတာ သတိပြုရမှာပါ ၊ ဝက်စ်ဘရွန်း ဘရိုက်တန် တို့ကို ရှုံးသွားခဲ့ရင်ပေါ့ဗျာ ၊ အဲ့ဒီပွဲတွေက နိုင်ကို နိုင်ရမယ့် ပွဲတွေပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။
ဒီတစ်ပတ် ဘောက်ဆင်ဒေးမှာ အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ထိပ်တိုက် တွေ့ဆုံ နေပြီး တနင်္ဂနွေ နံနက် မြန်မာ စံတော်ချိန် ၀၀:၀၀ နာရီမှာ ကစားသွားမှာပါ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေပြီး အဆင့် ၁၅ ထိ ရောက်နေပါတယ် ။