spot_img

အာဆင်နယ် အသင်း တန်းဆင်းဇုန် တိုက်ပွဲဝင်နေရပြီလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ လာမယ့် စနေနေ့ည မှာ လန်ဒန်မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်နေပြီး ၊ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု အရ ကြည့်ပြီး ပြောရင်တော့ ၊ ယခင် ဒီ ၂သင်း ရဲ့ လန်ဒန်ဒါဘီ ပွဲတွေလောက် အကြိတ်အနယ် ရှိပါ့မလား လို့ မေးခွန်းထုတ်လို့ ရပါတယ် ။

ဖရန့် လမ်းပတ် ရဲ့ ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အခြား လန်ဒန်မြို့ခံ ပြိုင်ဖက် တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ဂိုးပြတ် နဲ့ အနိုင်ရခဲ့ပါတယ် ။

myan789

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲဆက် အရေးနိမ့်မယ့် အရေးကနေ ရှောင်လွှဲနိုင်ခဲ့တယ် လို့ ဆိုရမှာပါ ။ တဖက်မှာ မီခေးလ် အာတီတာ ရဲ့ အာဆင်နယ် အသင်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ပွဲ နိုင်ပွဲ ပျောက်ဆုံးနေပြီး ၊ တန်းဆင်းဇုန် နဲ့ ၄မှတ်ပဲ ကွာဟတော့တဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ် ။

အကယ်၍ အာဆင်နယ် အသင်း အနေနဲ့ ဒီပွဲသာ ထပ်ရှုံးခဲ့မယ် ဆိုရင် တန်းဆင်းဇုန် အန္တရာယ် နဲ့ ပိုပြီး နီးစပ်လာဖို့ပဲ ရှိပါတယ် ။ ဒါဟာ အာဆင်နယ် အဖို့ ပရီးမီးယားလိဂ် သမိုင်း တလျှောက် တခါမှ မကြုံဖူးတဲ့ အဆိုးရွားဆုံး အခိုက်အတန့် ကာလ တရပ်ပဲ ဖြစ်ပါတယ် ။

အခါးသီးဆုံး လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို အရေးနိမ့်ထားတဲ့ အာဆင်နယ် တို့ နောက်ထပ် ပြိုင်ဆိုင်မှုတွေ ရှိတဲ့ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင်မယ့် ပွဲမှာရော ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်းထောက် တဦး က အာဆင်နယ် အသင်း ဟာ တန်းဆင်းဇုန် တိုက်ပွဲဝင်နေရပြီလား ဆိုပြီး အမေးထုတ်ခဲ့ပေမယ့် ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ တစုံတရာ ရှင်းလင်းတဲ့ မှတ်ချက်မျိုး ပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။

လမ်းပတ် က ” အာဆင်နယ် အသင်း ဘာအတွက် တိုက်ပွဲဝင်နေရတယ် ဆိုတာကို ကျွန်တော် မပြောချင်ပါဘူး ။ လတ်တလောမှာ သူတို့ဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ဒါပေမယ့် ဒီနှစ် ဘောလုံး ရာသီ ကိုက ခါတိုင်းနှစ် ပရီးမီးယားလိဂ် ရာသီတွေနဲ့ ကွဲပြားနေပြီး ၊ အသင်း အများစု က တည်ငြိမ်မှု မရှိနေကြပါဘူး ။ ”

” လက်ရှိ သူတို့ အသင်း ရဲ့ ရပ်တည်မှု က ကျွန်တော့ ကိစ္စ မဟုတ်ပါဘူး ။ ကျွန်တော် နဲ့ သက်ဆိုင်တာ က အာဆင်နယ် ဟာ အရည်အသွေးမြင့်တဲ့ အသင်း တသင်း ဖြစ်တယ် ဆိုတာပါပဲ ။ အာဆင်နယ် ဟာ တန်းဆင်းဖို့ အထိ ကောင်းလွန်းသလား ? ဒီအကြောင်း ကိုလည်း ကျွန်တော် မဆွေးနွေးချင်ပါဘူး ။ ခင်ဗျားတို့ ဘာကို ဆိုလိုလဲ ကျွန်တော် မသိပါဘူး ။ ”

” ကျွန်တော် တို့ဟာ Boxing Day မှာ အာဆင်နယ် နဲ့ ကစားရပါမယ် ။ သူတို့ အသင်းမှာ ဖြစ်နေတဲ့ အကြောင်း နဲ့ ဘာအတွက် တိုက်ပွဲဝင်နေရတယ် ဆိုတာကို ထွေထွေထူးထူး ပြောနေဖို့ မဟုတ်ပါဘူး ။ ” လို့ ငြင်းဆိုခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က ဒါဘီပွဲ မှာ ဘယ်အသင်းမဆို အနိုင်ရသွားနိုင်တဲ့ အကြောင်း ကိုလည်း အခုလိုပဲ ဖွင့်ဟခဲ့ပြန်ပါတယ် ။

လမ်းပတ် က ” ဒါဘီပွဲ တပွဲ ကစားတဲ့အခါ လတ်တလော ပိုင်ဆိုင်ထားတဲ့ ပုံစံ က အဆုံးအဖြတ် မဟုတ်တော့ပါဘူး ။ ဥပမာ – ကျွန်တော် တို့ဟာ ဒီရာသီ တော့တင်ဟမ် အသင်း နဲ့ ဒါဘီ တပွဲ ကစားခဲ့ပြီး ၊ အဲ့ဒီ အသင်း ဟာ ရလဒ်ကောင်း တရပ် ကို ရယူဖို့ ကြိုးစားခဲ့တာပါ ။ ဒီတော့ ကျွန်တော် တို့ဟာ အတောင့်တင်းဆုံး အာဆင်နယ် အသင်း ကို မျှော်လင့်ထားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular