spot_img

အာဆင်နယ် အသင်းဆီ ရိုက်စ် ရောက်လာအောင် ဘယ်လို ဆွဲဆောင်စည်းရုံးခဲ့သလဲ ဖွင့်ဟလာတဲ့ ဆာကာ

အာဆင်နယ် အသင်း ရဲ့ လူယ် တောင်ပံ ကစားသမား ဘူကာရို ဆာကာ က ဒက်ကလန်ရိုက်စ် တစ်ယောက် အမ်းမရိတ် ဆီ ရောက်လာအောင် သူ ဘယ်လို ဆွဲဆောင် စည်းရုံး ခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ ဆာကာ က အာဆင်နယ် အသင်းဟာ ရိုက်စ် အတွက် မှန်ကန် ကောင်းမွန်တဲ့ နေရာဖြစ်ကြောင်း ပြောပြီး ဆွဲဆောင် ခဲ့တာပါ ။

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာ ဝက်စ်ဟမ်း အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်း​ရွှေ့ကြေး ပေါင် ၁၀၅ သန်း နဲ့ ရောက်ရှိ လာသူပါ ။ ရိုက်စ် ဟာ အာဆင်နယ် ကို ရောက်ရောက်ချင်းမှာပဲ အလျင်အမြန် အထိုင်ကျ ခြေစွမ်းပြနေပြီး နောက်ဆုံး ကစားခဲ့တဲ့ မန်ယူနိုက်တက် နဲ့ ပွဲမှာ အာဆင်နယ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ် ။

myan789

ရိုက်စ် အာဆင်နယ် အသင်း ကို ရောက်ရှိလာမှုမှာ အင်္ဂလန် လက်ရွေးစင် အသင်းဖော်တွေရဲ့အခန်း ကဏ္ဏက အရေးပါခဲ့ပါတယ် ။ ဆာကာ က talksport နဲ့ အင်တာဗျူးမှာ ရိုက်စ် နဲ့ ပတ်သက်ပြီး ” သူ(ရိုက်စ်) က အာဆင်နယ် အကြောင်း မေးခွန်း တစ်ချို့ မေးခဲ့ပြီး ကျနော်လည်း သေချာ ပြန်ဖြေပေးခဲ့ပါတယ် ၊ အာဆင်နယ် က သူ့အတွက် ကောင်းမွန်မှန်ကန်တဲ့ ကလပ် ဖြစ်ကြောင်း နှင့် အသင်းရဲ့ အနာဂတ် က စိတ်လှုပ်ရှားစရာ ကောင်းကြောင်း ကျနော် သူ့ကို ရဲရဲကြီး အာမခံတယ်လို့ ပြောခဲ့တာပါ ။ “

” သူသာ ရောက်လာရင် အသင်းက ပိုကောင်းသွားပြီး ဆုဖလား အောင်မြင်မှုတွေ သေချာပေါက် ရလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ် ။ ” ယူနိုက်တက် နဲ့ ပွဲအပြီးမှာ အနိုင်ဂိုးရှင် ရိုက်စ် ရဲ့ နာမည်ကို ပရိသတ်တွေက သံပြိုင် အော်ဟစ် အားပေးကြတာနဲ့ ပတ်သက်ပြီးလည်း ဆာကာက ” တကယ့်ကို amazing ပါပဲ ၊ ကျနော် သူ့သွင်းဂိုးကို အကြိမ် ၂၀ ကျော်လောက် ပြန်ကြည့်ပြီးပါပြီ ၊ သူနှင့် သူ့မိသားစုအတွက် တကယ့်ကို မယုံနိုင်စရာ အခိုက်အတန့်ပါပဲ ။ ကွင်းအတွင်း ပရိသတ်တွေရဲ့atmosphere ကို မြင်ရတဲ့ အခါမှာ သူ့ဆီက ရူးလောက်စရာ အားပေးမှုကို မြင်နေရတာပဲကွာ လို့ ပြောလာခဲ့ပါတယ် ။ “

” သူ အသင်းမှာ ပျော်နေပြီး စွမ်းဆောင်ရည်ကောင်းတွေလည်းပြ ၊ ပထမဆုံးဂိုးကိုလည်း သွင်းနိုင်ခဲ့တဲ့ အတွက် ကျနော် သူ့အစား ပျော်ရွှင်မိပါတယ် ။ အသင်းအတွက် ပထမဆုံးဂိုး သွင်းနိုင်တာလောက် ပိုကောင်းတဲ့ အခိုက်အတန့် ရှိမှာ မဟုတ်တော့ပါဘူး ။ ကျနော် သူ့အတွက် တကယ် ပျော်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular