spot_img

အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းတွေကို documentary ရိုက်ပြီး ဖွင့်ချသွားတော့မယ့် အိုဇေးလ်

မီဆွတ် အိုဇေးလ် နဲ့ နီးစပ်သူ တစ်ဦးရဲ့ပြောကြားချက်အရ ဂျာမန်သားဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းတွေကို မှတ်တမ်း ရုပ်ရှင် ရိုက်ကူးဖို့ နိုင်ငံတကာ ကုမ္ပဏီ တစ်ခု နဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ The AFC Bell က ဖော်​ပြ လိုက်ပါတယ် ။

အဆိုပါ documentary မှာ အိုဇေးလ် ဟာ သူ့ရဲ့အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးနှစ်တွေ အကြောင်း ၊ သူ အသင်းက ထွက်ခွာရဖို့ ဖြစ်စေခဲ့တဲ့ ဖြစ်စဉ် အကြောင်းအရာတွေကို ထည့်သွင်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

myan789

၂၀၁၃ ခုနှစ်မှာ ရီးရဲလ် မက်ဒရစ် ကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိ လာခဲ့တဲ့ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ ခုနှစ်နှစ်ကျော်ကာလဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အဆုံးသတ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ မီဆွတ် အိုဇေးလ် တို့ဟာ ကျန်ရှိနေသေးတဲ့ စာချုပ် သက်တမ်း ခြောက်လကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီးနောက် အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး ၊ သုံးနှစ်ခွဲစာချုပ် နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ ။

နည်းပြကြီး အာဆင်ဝင်းဂါး လက်အောက်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အိုဇေးလ် ဟာ အာတီတာ လက်အောက်မှာ ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့် တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။

အခု အခါမှာတော့ အိုဇေးလ် က သူ အာဆင်နယ် ကနေ ထွက်ခွာ ခဲ့ရတဲ့ အကြောင်းအရင်းကို ရုပ်ရှင် ရိုက်ကူးတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ တိတိကျကျ ကြည့်ရှု သိရှိခွင့် ရတော့မှာ ဖြစ်ပါတယ် ။

အိုဇေးလ် ဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပြီး ပွဲပေါင်း ၂၅၄ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ် ဟာ သူ့ရဲ့ ဖီနာဘာချီ ကစားသမားဘဝ ပထမဆုံး ရာသီဝက်မှာလည်း ၁၁ ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း အိုဇေးလ် ဟာ ဖီနာဘာချီ အတွက် ၄ ပွဲ ကစား ၁ ဂိုးသွင်း ၁ ဂိုးဖန်တီး ပေးထားပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular