spot_img

အာဆင်နယ် လူငယ် ကြယ်ပွင့်ဟာ သူ တွဲကစားဖူးသမျှထဲမှာ underrated အဖြစ်ဆုံးလို့ ချီးကျူးလိုက်တဲ့ အိုဇေးလ်

အာဆင်နယ် အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ မီဆွတ် အိုဇေးလ် က လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ သူ တွဲကစားဖူးသမျှထဲမှာ underrated အဖြစ်ဆုံး ကစားသမား ( ခြေစွမ်းကောင်းသလောက် ချီးကျူး မခံရတဲ့သူ ) လို့ ချီးကျူး လိုက်ပါတယ် ။

ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကမှ ပြင်သစ် လီဂူး ကလပ်လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပြီး အချိန်တိုလေး အတွင်းမှာ နည်းပြ အမ်မရီ လက်အောက်တွင် ပွဲထွက် ကစားခွင့် မြောက်များစွာ ရရှိခဲ့တဲ့ လူငယ် ကြယ်ပွင့် တစ်ဦးပါ ။

myan789

ဂွမ်ဒူဇီ ဟာ အမ်မရီ ထုတ်ပယ် ခံရပြီးနောက် အာတီတာ လက်ထက် အစမှာလည်း ကစားခွင့် ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

ဘောလုံးပွဲတွေ ပြန်လည် စတင်တဲ့ အချိန်မှာလဘ်း ဂွမ်ဒူဇီ ဟာ ကစားခွင့် ရခဲ့သေးပေမယ့် ဘရိုက်တန် နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားကို မသင့်လျော်တဲ့ အပြုအမူ ၊ အပြောအဆိုတွေ လုပ်ခဲ့တာကြောင့် နည်းပြ အာတီတာ ဟာ ပြင်သစ်သားကို တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းစေခဲ့ပြီး ရာသီကုန်အထိ အသုံးပြုခြင်း မရှိတော့ပါဘူး ။

ဒါကြောင့် အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာတော့ လူငယ် ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီ ကို ဟာသာဘာလင် အသင်းထံ တစ်ရာသီ အငှား ပြောင်းရွှေ့ကစားစေ ခဲ့ပါတယ် ။

အိုဇေးလ်ဟာ မနေ့က တွစ်တာမှာ ပရိသတ်တွေ နဲ့ အမေးအဖြေ အစီအစဥ် လုပ်ခဲ့ရာမှာ သူ တွဲကစားဖူးသမျှ ထဲမှာ underated အဖြစ်ဆုံး ကစားသမား က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို အခုလို ဖြေကြား သွားခဲ့ပါတယ် ။

” မက်တီယို ဂွမ်ဒူဇီ ပေါ့ဗျာ ၊ တစ်နေ့မှာ သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဂွမ်ဒူဇီ ဟာ ဟာသာဘာလင် အသင်းကို ရောက်ရောက်ချင်းမှာပဲ Covid-19 positive ဖြစ်နေတာကြောင့် ချက်ချင်း ကစားခွင့် မရရှိ ခဲ့ပါဘူး ။ Covid-19 ရောဂါ ပျောက်သွားချိန်မှာတော့ ဂွမ်ဒူဇီ ဟာ ဟာသာဘာလင် အသင်း အတွက် ကစားပြီး ၁ ဂိုး သွင်းယူ ထားနိုင်ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွမ်ဒူဇီ ဟာ ဟာသာဘာလင် အတွက် ၁၃ ပွဲ ကစားပြီး ၇ ပွဲ အထိ ပွဲထွက် ကစားခွင့် ရထားပါတယ် ။ ဂွမ်ဒူဇီ အငှား သွားကစားနေတဲ့ ဟာသာဘာလင် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၁၄ မှာ ရောက်ရှိ နေပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular