spot_img

အာဆင်နယ်အသင်းအား ဝယ်ယူရန် ကာတာစီးပွားရေးလုပ်ငန်းရှင်များ ပစ်မှတ်ထား

အာဆင်နယ်အသင်းအား ဝယ်ယူရန် ကာတာစီးပွားရေးလုပ်ငန်းရှင်များက ပစ်မှတ်ထားလျက်ရှိနေပြီး အသင်းပိုင်ရှင် ကရွန်ကီထံ ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။

Qatar Investment Authority(QIA) မှ တာဝန်ရှိသူများသည် အာဆင်နယ်အသင်းကို ဝယ်ယူရန် ဆွေးနွေးလျက်ရှိနေကြောင်း ဒေသခံသတင်းစာတစ်စောင်ဖြစ်သည့် Alqabas က ဖော်ပြခဲ့သည်။

myan789

ပြင်သစ်ကလပ် PSG အသင်းကို ပိုင်ဆိုင်သော Qatar Sports Investment စီးပွားရေးအဖွဲ့အစည်းသည် Qatar Investment Authority ၏ လက်အောက်ခံ စီးပွားရေးအဖွဲ့ဖြစ်ပြီး အကယ်၍ ယင်းကာတာစီးပွားရေးလုပ်ငန်းရှင်များလက်အောက်သို့ ရောက်ရှိသွားခဲ့ပါက အာဆင်နယ်အသင်းအနေဖြင့် အောင်မြင်မှုများကို ပြန်လည်ရှာဖွေနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

သို့သော် QIA အနေဖြင့် အာဆင်နယ်အသင်းအား တန်ဖိုးမည်ရွေ့မည်မျှသတ်မှတ်၍ ကမ်းလှမ်းမည်ဆိုသည်ကို လက်ရှိအချိန်တွင် ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

လက်ရှိ အာဆင်နယ်အသင်းပိုင်ရှင်ဖြစ်သူ ကရွန်ကီသည် ၂၀၀၈ ခုနှစ်တွင် အာဆင်နယ်အသင်း၌ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး လက်ရှိအချိန်တွင် အသင်း၏ရှယ်ယာ ၉၀%ကို ချုပ်ကိုင်ထားသည်။

မကြာသေးမီက ဆွီဒင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒန်နီယဲလ်အက်ဒ်သည် အာဆင်နယ်အသင်းအား ဝယ်ယူရန် ချဉ်းကပ်ကြိုးပမ်းခဲ့သော်လည်း ကရွန်ကီက ၎င်း၏ ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular